Wednesday, July 1, 2020

ဘင်္ဂလားဒေ့ရှ်မှ မောင်တောသို့ တရားမဝင်ပြန်ဝင်လာသူ ၂၉ ဦးကို လဝကဥပဒေဖြင့် အရေးယူ

ရခိုင်ပြည်နယ်၊ မောင်တောခရိုင်အတွင်းသို့ ​ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်မှ တရားမဝင် နည်းလမ်းနဲ့ မြန်မာနိုင်ငံထဲ ပြန်လည်ဝင်ရောက်တဲ့သူ ၂၉ ဦးကို လဝက ဥပဒေနဲ့ အမှုဖွင့်အရေးယူထားပါတယ်။
မောင်တောခရိုင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနမှ ဒုတိယ ညွှန်ကြားရေးမှူး ဦးထိန်လင်းက “ခိုးဝင်ခိုးထွက် လဝကဥပဒေပုဒ်မ ၁၃(၁)နဲ့ အမှု ဖွင့်လှစ်ထားတာရှိတယ်။ အားပေးကူညီမှု ဥပဒေပုဒ်မ ၁၃(၅)နဲ့ အမှုဖွင့်အရေးယူသူတွေလည်း ရှိတယ်။ မောင်ခရိုင်တစ်ခုလုံးမှာ ပထမအသုတ်အနေနဲ့ အားလုံး၂၉ ဦးကို အမှုဖွင့်အရေးယူထားတယ်”လို့ ပြောပါတယ်။
မောင်တောမြို့နယ်မှ ၁၉ ဦးကို လဝကဥပဒေပုဒ်မ ၁၃(၁) နဲ့ အမှုဖွင့်လှစ်ထားပြီး ဘူးသီးတောင်မြို့မှ ၆ ဦးကို လဝက ဥပဒေပုဒ်မ ၁၃(၁)နဲ့ အမှုဖွင့်ထားကာ ၄ ဦးကိုတော့ အားပေးကူညီမှု ဥပဒေပုဒ်မ ၁၃(၅)နဲ့ အမှုဖွင့် အရေးယူထားတာဖြစ်ပါတယ်။
ဘင်္ဂလားဒေ့ရှ်ဘက်က ပြန်လာသူ ၇၀၀ နီးပါးထဲက အစိုးရကို အသိပေးပြန်လာသူတွေကိုတော့ အရေးယူတာမရှိဘဲ ကိုဗစ်-၁၉ ရောဂါကာလအတွင် တရားမဝင် ခိုးဝင်လာသူ ၈၀ ဦး လောက်ထဲက ကလေးသူငယ်တွေနဲ့ အသက်မပြည့်သူတွေကို ပယ်ထုတ်ပြီး ကျန် ၂၉ ဦးကို ၁၉၄၇ မြန်မာနိုင်ငံ လူဝင်မှု ကြီးကြပ်ရေးဥပဒေနဲ့ အရေးယူတာ ဖြစ်ပါတယ်။
မောင်တောခရိုင်အတွင်းသို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ ပြန်လာသူတွေအထဲက ၉ ဦးမှာ ကိုဗစ်-၁၉ ရောဂါပိုးရှိထားပြီး နိုင်ငံတော်မှ တရားမဝင် ဝင်ရောက်လာကြသူတွေကို အရေးယူဖို့ တရားဝင်စာထုတ်ပြန်ပြီးနောက် ပထမဆုံး အရေးယူခံတာ ဖြစ်ကြပါတယ်။
>>Zawgyi<<
ဘင်္ဂလားဒေ့ရှ်မှ မောင်တောသို့ တရားမဝင်ပြန်ဝင်လာသူ ၂၉ ဦးကို လဝကဥပဒေဖြင့် အရေးယူ
Wednesday, July 1, 2020
ရခိုင်ပြည်နယ်၊ မောင်တောခရိုင်အတွင်းသို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်မှ တရားမဝင် နည်းလမ်းနဲ့ မြန်မာနိုင်ငံထဲ ပြန်လည်ဝင်ရောက်တဲ့သူ ၂၉ ဦးကို လဝက ဥပဒေနဲ့ အမှုဖွင့်အရေးယူထားပါတယ်။
မောင်တောခရိုင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနမှ ဒုတိယ ညွှန်ကြားရေးမှူး ဦးထိန်လင်းက “ခိုးဝင်ခိုးထွက် လဝကဥပဒေပုဒ်မ ၁၃(၁)နဲ့ အမှု ဖွင့်လှစ်ထားတာရှိတယ်။ အားပေးကူညီမှု ဥပဒေပုဒ်မ ၁၃(၅)နဲ့ အမှုဖွင့်အရေးယူသူတွေလည်း ရှိတယ်။ မောင်ခရိုင်တစ်ခုလုံးမှာ ပထမအသုတ်အနေနဲ့ အားလုံး၂၉ ဦးကို အမှုဖွင့်အရေးယူထားတယ်”လို့ ပြောပါတယ်။
မောင်တောမြို့နယ်မှ ၁၉ ဦးကို လဝကဥပဒေပုဒ်မ ၁၃(၁) နဲ့ အမှုဖွင့်လှစ်ထားပြီး ဘူးသီးတောင်မြို့မှ ၆ ဦးကို လဝက ဥပဒေပုဒ်မ ၁၃(၁)နဲ့ အမှုဖွင့်ထားကာ ၄ ဦးကိုတော့ အားပေးကူညီမှု ဥပဒေပုဒ်မ ၁၃(၅)နဲ့ အမှုဖွင့် အရေးယူထားတာဖြစ်ပါတယ်။
ဘင်္ဂလားဒေ့ရှ်ဘက်က ပြန်လာသူ ၇၀၀ နီးပါးထဲက အစိုးရကို အသိပေးပြန်လာသူတွေကိုတော့ အရေးယူတာမရှိဘဲ ကိုဗစ်-၁၉ ရောဂါကာလအတွင် တရားမဝင် ခိုးဝင်လာသူ ၈၀ ဦး လောက်ထဲက ကလေးသူငယ်တွေနဲ့ အသက်မပြည့်သူတွေကို ပယ်ထုတ်ပြီး ကျန် ၂၉ ဦးကို ၁၉၄၇ မြန်မာနိုင်ငံ လူဝင်မှု ကြီးကြပ်ရေးဥပဒေနဲ့ အရေးယူတာ ဖြစ်ပါတယ်။
မောင်တောခရိုင်အတွင်းသို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ ပြန်လာသူတွေအထဲက ၉ ဦးမှာ ကိုဗစ်-၁၉ ရောဂါပိုးရှိထားပြီး နိုင်ငံတော်မှ တရားမဝင် ဝင်ရောက်လာကြသူတွေကို အရေးယူဖို့ တရားဝင်စာထုတ်ပြန်ပြီးနောက် ပထမဆုံး အရေးယူခံတာ ဖြစ်ကြပါတယ်။

0 comments:

Post a Comment