Wednesday, July 1, 2020

ပလက်ဝမြို့ရှိ ကုလားတန်မြစ်ကူးတံတားမီးလင်းရေးအတွက် ကျပ်သိန်း ၁၀၀၀ အသုံးပြုကာ ဆိုလာတပ်ဆင်မည်

ချင်းပြည်နယ်၊ ပလက်ဝမြို့ရှိ ကုလားတန်မြစ်ကူးတံတား ဆိုလာမီးဖြင့် မီးလင်းနိုင်ရေးအတွက် ငွေကျပ်သိန်း တစ်ထောင်အသုံးပြုမည်ဖြစ်ကြောင်း ချင်းပြည်နယ်အစိုးရအဖွဲ့ စည်ပင်သာယာရေး၊ လျှပ်စစ်နှင့် စက်မှုလက်မှု ဝန်ကြီးဦးစိုးထက်က ပြောသည်။
ကုလားတန်မြစ်ကူးတံတား(ပလက်ဝ)အား မီးလင်းနိုင်ရေးအတွက် မဟာဓာတ်အားလိုင်းမှ လျှပ်စစ်မီးမရရှိသ ဖြင့် ဒီဇယ်မီးဖြင့်ပေးရန် လိုအပ်သည့်ဆီနှင့်စက် ကန့်သတ်ချက်များရှိသဖြင့် ဆိုလာမီးဖြင့် အသုံးပြုနိုင်ရေး ဆောင်ရွက်သွားမည်ဖြစ်သည်။
ကုလားတန်မြစ်ကူးတံတား(ပလက်ဝ)အား ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ်မှစ၍ ပြည်ထောင်စုငွေလုံးငွေရင်းရန်ပုံ ငွေဖြင့် စီမံကိန်းလုပ်ငန်းအကောင်အထည်ဖော် ဆောင်ရွက်ခြင်းဖြစ်ပြီး ယခုလက်ရှိ ၉၅ ရာခိုင်နှုန်းပြီးစီးနေပြီ ဖြစ်သည်။
ကုလားတန်မြစ်ကူးတံတား(ပလက်ဝ) တည်ဆောက်မှုကို ၂၀၁၆ နှစ်ကုန်ပိုင်းကစ၍ တံတားအထူးအဖွဲ့ ဆောက်လုပ်ရေးဝန်ကြီးဌာနမှ တာဝန်ယူဆောက်လုပ်ကာ ကျပ်ငွေ (၂၇) ဘီလီယံအသုံးပြုဆောင်ရွက် ခြင်းဖြစ်သည်။
"ကုလားတန်မြစ်ကူးတံတား(ပလက်ဝ) တည်ဆောက်တာဟာ ဒေသခံတွေ အဆင်ပြေစေဖို့နဲ့ နှစ်နိုင်ငံကုန် စည်စီးဆင်းမှုတွေ မြန်ဆန်လာနိုင်အောင်နဲ့ ဒေသခံလိုအပ်နေတဲ့မြစ်ကူးတံတားတစ်စင်းကို နိုင်ငံတော်ကတည် ဆောက်ပေးခြင်းဖြစ်တယ်"ဟု ဝန်ကြီးဦးစိုးထက်က ပြောသည်။
အဆိုပါ တံတားအရှည်မှာ ၁၉၄၂ပေ(၅၉၂မီတာ) ရှိပြီး၊ အကျယ် (က) ယာဉ်သွားလမ်း ၂၄ပေ ၇လက်မ(၇.၅) မီတာ၊ (ခ) လူသွားလမ်း တဖက်လျှင် (၃)ပေ၊ အမျိုးအစား သံကူကွန်ကရစ်+သံမဏိသံပေါင်ဖြစ်ကြောင်း သိ ရသည်။
ယခင်က ကုလားတန်မြစ်ကူးတံတား(ပလက်ဝ)အား ၂၀၁၉ ဒီဇင်ဘာလအကုန် အားလုံးပြီးစီးရန်နှင့် ၂၀၂၀ ခုနှစ် ဖေဖေါ်ဝါရီ ၂၀ ရက်နေ့ ချင်းအမျိုးသားနေ့တွင် ဖွင့်လှစ်နိုင်ရန် လျာထားခဲ့ခြင်းဖြစ်သော်လည်း နယ်မြေ မအေးချမ်းမှုကြောင့် တံတားမပြီးစီးခဲ့သဖြင့် ထပ်မံ၍ မတ်လအကုန်အပြီးလျာထားခဲ့ခြင်းဖြစ်သည်။
ကုလာတန်မြစ်ကူးတံတား(ပလက်ဝ) ပြီးစီးပါက ပလက်ဝမြို့မှ ပလက်ဝ-မတူပီ၊ ချင်းပြည်နယ်အတွင်းမြို့များနှင့် ဟာခါး၊မန္တလေး၊ရန်ကုန်၊မြန်မာနိုင်ငံအနှံ့မြို့များသို့ အဆင်ပြေချောမွေ့စွာ ရာသီမရွေးသွားလာနိုင်မည်ဖြစ်ပြီး ထို့ အပြင် ရခိုင်ပြည်နယ် စစ်တွေ- ရန်ကုန် ပြည်ထောင်စုလမ်းမကြီးနှင့်ချိတ်ဆက်သော ကားလမ်းလည်းဖြစ်သော ကြောင့် ပလက်ဝမြို့နယ်ဒေသခံပြည်သူများ လမ်းပန်းဆက်သွယ်ရေးကောင်းမွန်လာပြီး၊ ပညာရေး၊ ကျန်းမာ ရေး၊ လူမှုရေး၊ စီးပွားရေးများ ဖွံ့ဖြိုးတိုးတတ်လာမည်ဖြစ်ကြောင်းသိရသည်။
ပလက်ဝမြို့နယ်သည် ယခင်ကရေကြောင်းတစ်ခုသာ သွားလာရန်အားကိုးနေရပြီး၊ ပလက်ဝမြို့သည် ကုလာ တန်မြစ်၏ အနောက်ဖက်ကမ်းတွင်တည်ရှိသည့်မြို့တမြို့ဖြစ်၍ ကုလာတန်မြစ်ကူးတံတားတစ်စင်းလိုအပ်လျက် ရှိပါသည်။ ဒေသခံပြည်သူများ၏ အရေးကြီးလိုအပ်ချက်ကို နိုငိငံတော်မှ ကုလာတန်မြစ်ကူးတံတား(ပလက်ဝ) တည်ဆောက်ပေးခြင်းဖြင့် ပလက်ဝမြို့နယ်ပြည်သူများသည် မကြာမီပေါ်ထွန်းလာမည့် ကုလာတန်မြစ်ကူးတံ တားကြီး အိပ်မက်သဖွယ်ဖြစ်ခဲ့ရကာ ဝမ်းသာကြိုဆိုကြောင်း ဒေသခံများ၏ပြောပြချက်အရသိရသည်။
crd-PeopleMedia #Myanmar_Online_News
>>Zawgyi<<

0 comments:

Post a Comment