Thursday, July 2, 2020

တရုတ်နိုင်ငံ ရှန်ကျန်းပြည်နယ်တွင် လူ့အခွင့်အရေး ချိုးဖောက်မှု့အန္တရာယ်များနှင့် ပတ်သက်၍ အမေရိကန်နိုင်ငံမှသတိပေးခဲ့

အမေရိကန်နိုင်ငံမှ အကြံပေးတစ်ဦးသည် တရုတ်နိုင်ငံ အနောက်ဘက်ရှန်ကျန်း ပြည်နယ်တွင် လူ့အခွင့်အရေးချိုးဖောက်မှု့အန္တရာယ်များနှင့်ကြုံတွေ့နေရသော အမေရိကန်ကုမ္ပဏီများကို ဇူလိုင်လ ၂ရက်နေ့တွင် သတိပေးခဲ့ပါသည်။
အမရိကန်ပြည်ထောင်စု ဘဏ္ဍာရေး၊ ကူးသန်းရောင်းဝယ်ရေးနှင့် အမိမြေ လုံခြုံရေးဆိုင်ရာဌာန၏အကြံပေးမှ ထုတ်ပြန်သောသတိပေးချက်မှာ တရုတ်နိုင်ငံ ရှန်ကျန်းပြည်နယ်တွင် တရုတ်လူမျိုးများမှ မွတ်စလင်လူမျိုးများ အပေါ်ဆက်ဆံမှုများ အပါအဝင် ဟောင်ကောင်၏အမျိုးသားလုံခြုံရေးဉပဒေတို့နှင့်ပတ်သက်၍ တင်းမာမှု များမြှင့်တက်နေချိန်တွင်အမေရိကန်မှ တရုတ်နိုင်ငံအပေါ် ဖိအားပေးနေသကဲ့သို့ဖြစ် နေပါသည်။
ရှန်ကျန်းရှိကုမ္ပဏီများသည် အလုပ်သမားများကိုဖိအားပေးခြင်း၊ အုပ်စုလိုက် ထိန်းသိမ်းခြင်းတို့ပါဝင်သည့် လူ့အခွင့်အရေးအလွဲသုံးစားမှုများမှတဆင့် အလုပ်သမား များရင်ဆိုင်နေရသော ဂုဏ်သိက္ခာ၊ စီးပွားရေးနှင့် တရားဉပဒေရေးရာများနှင့်အတူ အလုပ်လုပ်ကိုင်နေရကြောင်း အကြံပေးမှပြောကြားခဲ့ပါသည်။
CEO များအနေဖြင့် လူသားတို၏ဂုဏ်သိက္ခာအပေါ် ကျူးလွန်နေသည့် ဂုဏ်သိက္ခာ၊ စီးပွား ရေးနှင့် တရားဉပဒေရေးရာ တို့နှင့်ပတ်သက်သည့် အဆိုပါ သတိပေးချက်နှင့်ပတ်သက်ပြီး အနီးကပ်စောင့်ကြည်ရန်နှင့် သတိရှိကြရန် နိုင်ငံခြားရေဝန်ကြီး Mike Pompeo မှ ဇူလိုင်လ ၁ ရက်နေ့တွင်ပြောကြားခဲ့ပါသည်။
လွန်ခဲ့သည့်လတွင် အမေရိကန်နိုင်ငံစီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဦးစီးဌာန၏ လုပ်ဆောင်ချက်အပြီးတွင် ကုမ္ပဏီ ၇ ခုနှင့် အဖွဲ့အစည်း ၂ခုအား ဖိနှိပ်မှု၊ တရားဖမ်းဆီးမှု၊ အဓမ္မခိုင်းစေမှုနှင့် အဆင့်မြင့်နည်းပညာဆိုင်ရာစောင့်ကြည့်လေ့လာ မှုစသည့် လူ့အခွင့်အရေးချိုးဖောက်မှုများတွင်ပါဝင်ပတ်သက်နေသည့်အတွက် နာမည် ပျက်စာရင်းတွင် ထည့်သွင်းခဲ့ပါသည်။
အမေရိကန်မှ ရှန်ကျန်းပြည်နယ်အပေါ်ချမှတ် ထားသောအရေးယူမှုများအပေါ် ဆန့်ကျင်ကြောင်း ၎င်းမှာ ပြည်တွင်းရေးသက်သက်သာဖြစ်ကြောင်း တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးမှ ပြောကြားခဲ့ပါသည်။
Source : CGTN
"US warns firms of human rights abuse risks in China's Xinjiang province"

0 comments:

Post a Comment