Wednesday, July 1, 2020

အမေရိကန်နိုင်ငံတွင် COVID-19 တစ်ရက်အတွင်း ကူးစက်သူပေါင်း တစ်သိန်းအထိ ဖြစ်လာနိုင်

အမေရိကန်နိုင်ငံအစိုးရ၏ ထိပ်တန်းကူးစက်ရောဂါကျွမ်းကျင်ပညာရှင် အန်တိုနီယိုဖော့စီ(Anthony Fauci) က လက်ရှိကူးစက်မှုနှုန်း အနေအထားသည် အလှည့်အပြောင်း မဖြစ်ပေါ်ခဲ့ပါက အမေရိကန်နိုင်ငံတွင် တစ်ရက်လျှင် COVID-19 ကူးစက်ခံရသူ တစ်သိန်းထိ ဖြစ်လာနိုင်ကြောင်း ဇွန် ၃၀ ရက်တွင် သတိပေးပြောကြားလိုက်သည်။
ဆီးနိုတ်လွှတ်တော်ကြားနာမှုတစ်ခုတွင် အမေရိကန်နိုင်ငံ အရေပြားနှင့် ကူးစက်ရောဂါဌာန ညွှန်ကြားရေးမှူး ဖော့စီက “ အခု ကျွန်တော်တို့မှာ တစ်ရက် ကူးစက်မှုအသစ် လေးသောင်းအထက် ရှိနေပါတယ် ၊ အဲဒီအခြေအနေက အလှည့်အပြောင်း မဖြစ်ဘူးဆိုရင်တော့ တစ်ရက် ကူးစက်မှု တစ်သိန်းအထိ ဖြစ်သွားရင်တောင် ကျွန်တော့်အနေနဲ့ အံ့ဩမှာ မဟုတ်ပါဘူး ၊ ဒါကြောင့် ကျွန်တော်အရမ်းကို စိတ်ပူမိပါတယ်” ဟု ဆိုသည်။
ထို့ပြင် ဖော့စီက သေဆုံးမှု အခြေအနေမည်မျှထိ ဖြစ်ပေါ်လာနိုင်သည်ကို ၎င်းအနေဖြင့် မခန့်မှန်းနိုင် ပြောကြားခဲ့သည်။ ကူးစက်ရောဂါပျံ့နှံ့မှုသည် တစ်နိုင်ငံလုံးအတိုင်းအတာ ဖြစ်ပေါ်နေပြီး “ တစ်နိုင်ငံလုံး အန္တရာယ်ထဲကျရောက်နေပါတယ်” ၊ “ အဲဒါကို မထိန်းချုပ်နိုင်သေးဘူးဆိုတာ ရှင်းနေပါတယ်” ဟု ဖော့စီက ဖြည့်စွက်ပြောကြားခဲ့သည်။
ဇွန် ၃၀ ရက် ညနေပိုင်းတွင် ထုတ်ပြန်သောကိန်းဂဏန်းများအရ အမေရိကန်နိုင်ငံတွင် COVID-19 ကူးစက်ခံရသူပေါင်း ၂.၆ သန်းကျော်အထိ ရှိနေပြီး သေဆုံးသူ ၁၂၆,၀၀၀ ကျော်ရှိကြောင်း သိရသည်။
crd-ဆင်ဟွာ #Myanmar_Online_News
>>Zawgyi<<
အမေရိကန်နိုင်ငံတွင် COVID-19 တစ်ရက်အတွင်း ကူးစက်သူပေါင်း တစ်သိန်းအထိ ဖြစ်လာနိုင်
Wednesday, July 1, 2020
အမေရိကန်နိုင်ငံအစိုးရ၏ ထိပ်တန်း ကူးစက်ရောဂါကျွမ်းကျင်ပညာရှင် အန်တိုနီယိုဖော့စီ(Anthony Fauci) က လက်ရှိကူးစက်မှုနှုန်း အနေအထားသည် အလှည့်အပြောင်း မဖြစ်ပေါ်ခဲ့ပါက အမေရိကန်နိုင်ငံတွင် တစ်ရက်လျှင် COVID-19 ကူးစက်ခံရသူ တစ်သိန်းထိ ဖြစ်လာနိုင်ကြောင်း ဇွန် ၃၀ ရက်တွင် သတိပေးပြောကြားလိုက်သည်။
ဆီးနိုတ်လွှတ်တော်ကြားနာမှုတစ်ခုတွင် အမေရိကန်နိုင်ငံ အရေပြားနှင့် ကူးစက်ရောဂါဌာန ညွှန်ကြားရေးမှူး ဖော့စီက “ အခု ကျွန်တော်တို့မှာ တစ်ရက် ကူးစက်မှုအသစ် လေးသောင်းအထက် ရှိနေပါတယ် ၊ အဲဒီအခြေအနေက အလှည့်အပြောင်း မဖြစ်ဘူးဆိုရင်တော့ တစ်ရက် ကူးစက်မှု တစ်သိန်းအထိ ဖြစ်သွားရင်တောင် ကျွန်တော့်အနေနဲ့ အံ့ဩမှာ မဟုတ်ပါဘူး ၊ ဒါကြောင့် ကျွန်တော်အရမ်းကို စိတ်ပူမိပါတယ်” ဟု ဆိုသည်။
ထို့ပြင် ဖော့စီက သေဆုံးမှု အခြေအနေမည်မျှထိ ဖြစ်ပေါ်လာနိုင်သည်ကို ၎င်းအနေဖြင့် မခန့်မှန်းနိုင် ပြောကြားခဲ့သည်။ ကူးစက်ရောဂါပျံ့နှံ့မှုသည် တစ်နိုင်ငံလုံးအတိုင်းအတာ ဖြစ်ပေါ်နေပြီး “ တစ်နိုင်ငံလုံး အန္တရာယ်ထဲကျရောက်နေပါတယ်” ၊ “ အဲဒါကို မထိန်းချုပ်နိုင်သေးဘူးဆိုတာ ရှင်းနေပါတယ်” ဟု ဖော့စီက ဖြည့်စွက်ပြောကြားခဲ့သည်။
ဇွန် ၃၀ ရက် ညနေပိုင်းတွင် ထုတ်ပြန်သောကိန်းဂဏန်းများအရ အမေရိကန်နိုင်ငံတွင် COVID-19 ကူးစက်ခံရသူပေါင်း ၂.၆ သန်းကျော်အထိ ရှိနေပြီး သေဆုံးသူ ၁၂၆,၀၀၀ ကျော်ရှိကြောင်း သိရသည်။
crd-ဆင်ဟွာ #Myanmar_Online_News

0 comments:

Post a Comment