Wednesday, July 1, 2020

ထောင်တစ်နှစ် ကျခံနေရသည့် သရုပ်ဆောင် မေသန်းနု ပြန်လည်လွတ်မြောက်၊ ရုံးချိန်းကို ဇူလိုင် ၁၅ ရက်သို့ ပြန်လည်ချိန်းဆို

သရုပ်ဆောင်မေသန်းနုကို ဇန်နဝါရီလ ၂ ရက်တွင် ရန်ကင်းမြို့နယ် တရားရုံးက လိမ်လည်မှုပုဒ်မ ၄၂၀ ဖြင့် အလုပ်နှင့် ထောင်ဒဏ် တစ်နှစ်ချမှတ် ခံရခြင်းဖြစ်ပြီး ခြောက်လ ပြည့်မြောက်ခဲ့သည့် ဇူလိုင်လ ၁ ရက်တွင် ထောင်မှ ပြန်လည်လွတ်မြောက် လာခဲ့ခြင်းဖြစ်သည်။
သင်္ဃန်းကျွန်းမြို့နယ် တရားရုံးတွင် လိမ်လည်မှုပုဒ်မ ၄၂၀ ဖြင့် တရားစွဲခံထားရသည့် အမှုအတွက် ဇူလိုင်လ ၁ ရက်က သရုပ်ဆောင်မေသန်းနု လာရောက် အမှုရင်ဆိုင်ရာမှာ ထောင်လွှတ်ဝရမ်းကို တရားရုံးကို တင်ပြခဲ့ပြီး အမှုအတွက် အာမခံ လျှောက်ထားခဲ့ကြောင်း သိရသည်။
တရားရုံးမှ ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၄၉၆ အရ အာမခံပေးလို့ရသည့် ပုဒ်မဖြစ်သောကြောင့် သိန်း ၃၀ တန် အာမခံသူနှစ်ဦးဖြငိ့ အာမခံပေးခဲ့ကြောင်း သင်္ဃန်းမြို့နယ် တရားရုံး သတင်းပြန်ကြားရေး အရာရှိက ပြောကြားခဲ့ပြီး ရုံးချိန်းကို ဇူလိုင် ၁၅ ရက်သို့ ပြန်လည်ချိန်းဆို ပေးခဲ့ကြောင်း သိရသည်။
သရုပ်ဆောင်မေသန်းနုကို သင်္ဃန်းကျွန်းမြို့နယ် တရားရုံးတွင် ရာဇသတ်ကြီးပုဒ်မ ၄၂၀ ဖြင့် ဒေါ်စန်းစန်းမြင့်က တရားလိုပြုလုပ်ကာ တရားစွဲဆိုထားခြင်းဖြစ်ပြီး အဆိုပါအမှုမှာ တရားလို စစ်ဆေးနေဆဲသာ ဖြစ်ကြောင်း သင်္ဃန်းကျွန်းမြို့နယ် တရားရုံးမှ သိရသည်။
crd-Eleven Media Group #Myanmar_Online_News
>>Zawgyi<<

0 comments:

Post a Comment