Wednesday, July 1, 2020

Covid-19 ကြောင့် ဘရာဇီးလ်နိုင်ငံတွင် တစ်ရက်အတွင်း သေဆုံးမှု နှစ်ဆခန့်မြင့်တက်

ဘရာဇီးနိုင်ငံမှာ ပြီးခဲ့တဲ့ တနင်္လာနေ့က ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးသူဟာ (၆၉၂)ဦး ရှိခဲ့ပြီး၊နောက်တစ်နေ့ အင်္ဂါနေ့မှာ တစ်ရက်အတွင်းသေဆုံးသူဟာ (၁၂၈၀)ဦး ရှိတယ်လို့ အစီရင်ခံစာထွက်ပေါ်ခဲ့တာကြောင့် တစ်ရက်အတွင်း သေဆုံးသူ နှစ်ဆခန့် မြင့်တက်ခဲ့တာ ဖြစ်ပါတယ်။
ဒီဗိုင်းရပ်စ်ကြောင့် နိုင်ငံတလွှားမှာ သေဆုံးသူ စုစုပေါင်း ၆ သောင်း နားကိုကပ်လာခဲ့ပြီဖြစ်ပါတယ်။
ဇွန်လ(၃၀)ရက်နေ့က ဘရာဇီးလ်နိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုသစ် (၃၃၈၄၆)ဦးရှိတယ်လို့ ကျန်းမာရေးဝန်ကြီးဌာနက ကြေညာခဲ့ပြီး၊ နိုင်ငံတလွှားမှာ ဗိုင်းရပ်စ်ကူးစက်ခံရသူ စုစုပေါင်းဟာလည်း(၁.၄)သန်းကျော်သွားပြီး ဖြစ်ပါတယ်။
ကမ္ဘာမှာ အမေရိကန်နိုင်ငံပြီးရင် ဘရာဇီးနိုင်ငံသည် ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုနဲ့ သေဆုံးမှု ဒုတိယအများဆုံး နိုင်ငံဖြစ်ပါတယ်။
crd-One News Myanmar #Myanmar_Online_News
>>Zawgyi<<

0 comments:

Post a Comment