COVID-19 ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများတွင် အသုံးပြုရန်အတွက် မြန်မာနိုင်ငံဆိုင်ရာ တရုတ်စစ်သံရုံး(ရန်ကုန်)မှ ရန်ကုန်တိုင်းစစ်ဌာနချုပ်သို့ COVID-19 ရောဂါကာကွယ်ရေးအထောက် အကူပြုပစ္စည်းများပေးအပ်လှူဒါန်းခြင်းကို ယနေ့နေ့လယ်ပိုင်းတွင် တိုင်းစစ်ဌာနချုပ်၊ ကုန်းမြင့်သာခန်းမ၌ပြုလုပ်ရာ တိုင်းမှူး ဗိုလ်မှူးချုပ် ညွန့်ဝင်းဆွေနှင့်အဖွဲ့ဝင်များ၊ တရုတ်စစ်သံရုံး(ရန်ကုန်)မှ စစ်သံမှူး Sr. Colonel Xiong Shaowei နှင့်တာဝန်ရှိသူများ တက်ရောက်ကြသည်။
ဦးစွာ စစ်သံမှူး Sr. Colonel Xiong Shaowei က လှူဒါန်းရခြင်းနှင့်ပတ်သက် ၍ ရှင်းလင်းပြောကြားသည်။ ထို့နောက် COVID-19 ရောဂါကာကွယ်ရေးအထောက်အကူ ပြုပစ္စည်းများဖြစ်သည့် Face Shield ၂၀၀ ခု၊ Surgical Masks(Adults) ၁၆၀၀ ခု၊ Surgical Masks(Children) ၅၀၀၀ ခု၊Wash-free Hand Sanitizer (500ML)၂၈၀ ဘူး၊Wash-free Hand Sanitizer(50ML) ၄၅၀ ဘူး၊ Disinfectant Wipes ၁၃၀၀ ခုနှင့် Disinfectant ၄၀ ဘူးတို့ကို ပေးအပ်လှူဒါန်းရာ တိုင်းမှူးက လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာပြန်လည်ပေးအပ်ကာ ကျေးဇူးတင်စကားပြောကြားခဲ့ကြောင်း သတင်း ရရှိသည်။
သတင်းစဉ်
0 comments:
Post a Comment