Monday, July 27, 2020

ကိုဗစ်ကိုပြည်သူတွေလုံးဝမပေါ့ဆဖို့ အစိုးရက တစ်လနီးပါးဆက်တိုက်သတိပေးနေ

ကိုဗစ်ရောဂါနဲ့ပတ်သက်ပြီး ပြည်သူတွေလုံးဝမပေါ့ဆကြဖို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက သတိပေးနေတာဟာ ဒီနေ့နဲ့ဆိုရင် တစ်လနီးပါးရှိသွားပြီဖြစ်ပါတယ်။
ပြီးခဲ့တဲ့ဇူလိုင်လ(၇)ရက်နေ့က “ပြည်သူများ(လုံးဝ)မပေါ့ဆကြပါနှင့်” ဆိုတဲ့ခေါင်းစဉ်နဲ့ ကျန်းမာရေးနဲ့ အားက စား ဝန်ကြီးဌာနအနေနဲ့ ကိုဗစ်ကပ်ရောဂါနဲ့ပတ်သက်ပြီး ဆောင်ရန်ရှောင်ရန်တွေကို ထုတ်ပြန်လိုက်တာဖြစ်ပါတယ်။
အဲဒီထုတ်ပြန်ချက်ထဲမှာတော့ ပြည်သူတွေအနေနဲ့ တတ်နိုင်သမျှ လူစုလူဝေးရှိတဲ့ နေရာတွေကို မလိုအပ်ဘဲ မသွားကြဖို့၊ တစ်ယောက်နဲ့တစ်ယောက် (၆)ပေအကွာမှာ ခပ်ခွာခွာနေထိုင်ကြဖို့၊အပြင်သွားတိုင်းနှာခေါင်းစည်း (Mask)တပ်ဖို့နဲ့ လက်ကိုစက္ကန့်(၂၀) ကြာအောင်ဆေးဖို့ တိုက်တွန်းထားတာပါ။
ဒါ့အပြင် ကမ္ဘာတစ်ဝန်းမှာ ကိုဗစ်ရောဂါကူးစက်မှုကြောင့်သေဆုံးမှုတွေ ဆက်ရှိနေသေးတဲ့အတွက် ဆောင်ရန် ရှောင်ရန်တွေကို လိုက်နာကျင့်သုံးဖို့ နှိုးဆော်ထားပါတယ်။ အဲဒီလိုလိုက်နာမယ်ဆိုရင်တော့ မြန်မာနိုင်ငံမှာ ကိုဗစ်ကူးစက်မှု ဒုတိယလှိုင်းဖြစ်ဖို့ အလားအလာ အလွန်နည်းမယ်လို့ ဆိုပါတယ်။
မြန်မာနိုင်ငံမှာတော့ ဇူလိုင်လ(၂၇)ရက်နေ့၊ မနက်ပိုင်းအထိ ကိုဗစ်လူနာအယောက်(၃၅၀)ရှိနေပြီး အဲဒီထဲမှာ ပြန်ကောင်းမွန်သူ(၂၉၀)ယောက်နဲ့ သေဆုံးသူ(၆)ယောက် ရှိနေပါတယ်။ ကမ္ဘာတဝန်းမှာတော့ ကိုဗစ်လူနာ (၁၅)သန်းကျော်ရှိနေပြီး သေဆုံးသူ (၆)သိန်းခွဲနီးပါး ရှိနေပါတယ်။
Ref ; O Media

0 comments:

Post a Comment