ရှမ်းပြည်နယ်၊ ရပ်စောက်မြို့နယ်မှ NLD လွှတ်တော်ကိုယ်စားလှယ်လောင်း အသစ်ရွေးချယ်ထားသည့်အတွက် ဒေသခံ NLD မြို့နယ်အလုပ်အမှုဆောင်အဖွဲ့က နေပြည်တော်ရှိ NLD ပါတီ ယာယီဌာနချုပ် (ရုံးခွဲ)သို့ ဇူလိုင် ၂၇ ရက်က လာရောက်တွေ့ဆုံခဲ့ကြောင်း သိရသည်။
NLD လွှတ်တော်ကိုယ်စားလှယ်လောင်း ရွေးချယ်ရာ၌ အောက်ခြေမှ ရပ်မိ၊ ရပ်ဖများနှင့် အလုပ်အမှုဆောင်အဖွဲ့များမှ ရွေးချယ်ထားသည့် လွှတ်တော် ကိုယ်စားလှယ်လောင်း မဟုတ်ဘဲ လူသစ်ဖြစ်နေသည့်အတွက် ယင်းကဲ့သို့ လာရောက်တွေ့ဆုံရခြင်း ဖြစ်ကြောင်း ရပ်စောက်မြို့ NLD အလုပ်အမှုဆောင် တောင်သူလယ်သမားရေးရာ လုပ်ငန်းကော်မတီဥက္ကဋ္ဌ ဦးခွန်မောင်စိုးက ပြောကြားသည်။
ရပ်စောက်ဒေသခံများအနေဖြင့် ယခင် လွှတ်တော်ကိုယ်စားလှယ်၏ လုပ်ကိုင် ဆောင်ရွက်မှုများအား အားရကျေနပ်မှုများရှိပြီး အသစ်ရွေးချယ်ထားသည့် လွှတ်တော် ကိုယ်စားလှယ်လောင်းသည် ဒေသခံပြည်သူများ သိရှိခြင်း မရှိသည့်အတွက် ဒေသခံများအနေဖြင့် ရွေးချယ်ရန် အခက်အခဲ ဖြစ်နေကြောင်း ဦးခွန်မောင်စိုးက ဆိုသည်။
“ အရင်လုပ်ခဲ့၊ ကိုင်ခဲ့တဲ့ကိစ္စတွေ။ လွှတ်တော် ကိုယ်စားလှယ်တွေမှာ လက်စလက်နတွေ ရှိတယ်။ ပြည်သူအားကိုးတယ်။ တကယ်လည်း ပြည်သူ အယုံအကြည်ရှိတယ်။ ဖွံ့ဖြိုးတိုးတက်မှု ရှိတယ်။ ဒီပုဂ္ဂိုလ်တွေကို ဖယ်ထားပြီးတော့ နာမည်မကြားဖူး။ အရပ်ဒေသ မရောက်ဖူး။ နောက်ပြည်သူတွေ မသိတဲ့ ပုဂ္ဂိုလ်က ကိုယ်စားလှယ်လောင်းအသစ်ဆိုတော့ ပြည်သူတွေက ဘယ်သူ့ရွေးမလဲ ဆိုတာကို ဖြစ်လာပြီပေါ့။ ကျွန်တော်တို့ ရှမ်းပြည်နယ်မှာ တိုင်းရင်းသားပါတီတွေ အများကြီးရှိတယ်” ဟု ၎င်းက ဆက်လက် ပြောကြားသည်။
လက်ရှိတွင် လွှတ်တော် ကိုယ်စားလှယ်လောင်းအသစ် ရွေးချယ်ခြင်းနှင့် ပတ်သက်၍ ဒေသခံများအနေဖြင့် ပြည်သူအားထား ယုံကြည်ရသည့် ပုဂ္ဂိုလ်ကိုသာလိုချင်ပြီး ၎င်းတို့အနေဖြင့် ပါတီနှင့်လူကို ယုံကြည်မှုရှိသော်လည်း လူသစ်နှင့် ဆက်ဆံရာ၌ ခက်ခဲမှုများဖြစ်နိုင်ကြောင်း ဦးခွန်မောင်စိုးက သုံးသပ်ပြောကြားသည်။
NLD ပါတီမှ ၂၀၂၀ အထွေထွေရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်မည့် လွှတ်တော် ကိုယ်စားလှယ်လောင်းများ၏စာရင်း ထုတ်ပြန်ပြီးနောက် နေပြည်တော်ရှိ NLD ပါတီ ယာယီဌာနချုပ်(ရုံးခွဲ) သို့ ဒေသအသီးသီးမှ ပါတီနှင့် သက်ဆိုင်သူများက လာရောက်ကန့်ကွက်ခြင်းများ ရှိနေကြောင်း သိရသည်။
crd-eleven #Myanmar_Online_News
>>Zawgyi<<
ဒေသခံများက ရွေးချယ်ထားသည့် လွှတ်တော် ကိုယ်စားလှယ်လောင်း မဟုတ်ဘဲ လူသစ်ဖြစ်နေသည့်အတွက် ရပ်စောက်မြို့နယ် NLD အလုပ်အမှုဆောင်အဖွဲ့က NLD ပါတီ ယာယီဌာနချုပ် သို့ လာရောက်တွေ့ဆုံ
Tuesday, July 28, 2020
ရှမ်းပြည်နယ်၊ ရပ်စောက်မြို့နယ်မှ NLD လွှတ်တော်ကိုယ်စားလှယ်လောင်း အသစ်ရွေးချယ်ထားသည့်အတွက် ဒေသခံ NLD မြို့နယ်အလုပ်အမှုဆောင်အဖွဲ့က နေပြည်တော်ရှိ NLD ပါတီ ယာယီဌာနချုပ် (ရုံးခွဲ)သို့ ဇူလိုင် ၂၇ ရက်က လာရောက်တွေ့ဆုံခဲ့ကြောင်း သိရသည်။
NLD လွှတ်တော်ကိုယ်စားလှယ်လောင်း ရွေးချယ်ရာ၌ အောက်ခြေမှ ရပ်မိ၊ ရပ်ဖများနှင့် အလုပ်အမှုဆောင်အဖွဲ့များမှ ရွေးချယ်ထားသည့် လွှတ်တော် ကိုယ်စားလှယ်လောင်း မဟုတ်ဘဲ လူသစ်ဖြစ်နေသည့်အတွက် ယင်းကဲ့သို့ လာရောက်တွေ့ဆုံရခြင်း ဖြစ်ကြောင်း ရပ်စောက်မြို့ NLD အလုပ်အမှုဆောင် တောင်သူလယ်သမားရေးရာ လုပ်ငန်းကော်မတီဥက္ကဋ္ဌ ဦးခွန်မောင်စိုးက ပြောကြားသည်။
ရပ်စောက်ဒေသခံများအနေဖြင့် ယခင် လွှတ်တော်ကိုယ်စားလှယ်၏ လုပ်ကိုင် ဆောင်ရွက်မှုများအား အားရကျေနပ်မှုများရှိပြီး အသစ်ရွေးချယ်ထားသည့် လွှတ်တော် ကိုယ်စားလှယ်လောင်းသည် ဒေသခံပြည်သူများ သိရှိခြင်း မရှိသည့်အတွက် ဒေသခံများအနေဖြင့် ရွေးချယ်ရန် အခက်အခဲ ဖြစ်နေကြောင်း ဦးခွန်မောင်စိုးက ဆိုသည်။
“ အရင်လုပ်ခဲ့၊ ကိုင်ခဲ့တဲ့ကိစ္စတွေ။ လွှတ်တော် ကိုယ်စားလှယ်တွေမှာ လက်စလက်နတွေ ရှိတယ်။ ပြည်သူအားကိုးတယ်။ တကယ်လည်း ပြည်သူ အယုံအကြည်ရှိတယ်။ ဖွံ့ဖြိုးတိုးတက်မှု ရှိတယ်။ ဒီပုဂ္ဂိုလ်တွေကို ဖယ်ထားပြီးတော့ နာမည်မကြားဖူး။ အရပ်ဒေသ မရောက်ဖူး။ နောက်ပြည်သူတွေ မသိတဲ့ ပုဂ္ဂိုလ်က ကိုယ်စားလှယ်လောင်းအသစ်ဆိုတော့ ပြည်သူတွေက ဘယ်သူ့ရွေးမလဲ ဆိုတာကို ဖြစ်လာပြီပေါ့။ ကျွန်တော်တို့ ရှမ်းပြည်နယ်မှာ တိုင်းရင်းသားပါတီတွေ အများကြီးရှိတယ်” ဟု ၎င်းက ဆက်လက် ပြောကြားသည်။
လက်ရှိတွင် လွှတ်တော် ကိုယ်စားလှယ်လောင်းအသစ် ရွေးချယ်ခြင်းနှင့် ပတ်သက်၍ ဒေသခံများအနေဖြင့် ပြည်သူအားထား ယုံကြည်ရသည့် ပုဂ္ဂိုလ်ကိုသာလိုချင်ပြီး ၎င်းတို့အနေဖြင့် ပါတီနှင့်လူကို ယုံကြည်မှုရှိသော်လည်း လူသစ်နှင့် ဆက်ဆံရာ၌ ခက်ခဲမှုများဖြစ်နိုင်ကြောင်း ဦးခွန်မောင်စိုးက သုံးသပ်ပြောကြားသည်။
NLD ပါတီမှ ၂၀၂၀ အထွေထွေရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်မည့် လွှတ်တော် ကိုယ်စားလှယ်လောင်းများ၏စာရင်း ထုတ်ပြန်ပြီးနောက် နေပြည်တော်ရှိ NLD ပါတီ ယာယီဌာနချုပ်(ရုံးခွဲ) သို့ ဒေသအသီးသီးမှ ပါတီနှင့် သက်ဆိုင်သူများက လာရောက်ကန့်ကွက်ခြင်းများ ရှိနေကြောင်း သိရသည်။
crd-eleven #Myanmar_Online_News
0 comments:
Post a Comment