အမေရိကန် အမျိုးသား လုံခြုံရေး အကြံပေး Robert O’Brien ကိုဗစ်- ၁၉ ကူးစက်ခံထားရကြောင်း သမ္မတ အိမ်ဖြူတော်က တနလာင်္နေ့မှာ ကြေညာပါတယ်။
အသက် ၄၅ နှစ် အရွယ် မစ္စတာ O’Brien ဗိုင်းရပ်စ် ကူး စက်ခံရတာဟာဆိုရင် သမ္မတ Donald Trump အစိုးရ အဖွဲ့ထဲမှာ ဗိုင်းရပ်စ် ကူးစက်မှုတွေထဲ အဆင့်မြင့်ဆုံး အရာရှိ ဖြစ်ပါတယ်။ အမျိုးသား လုံခြုံရေး အကြံပေး O’Brien နဲ့ ပတ်သက်ပြီး တနလာင်္နေ့က အိမ်ဖြူတော် မြက်ခင်းပြင်မှာ သတင်းထောက်တွေက မေးမြန်းတာမှာတော့ သူနဲ့ နောက်ပိုင်း မတွေ့ဖြစ်ကြောင်း သမ္မတ Trump က ဖြေကြားသွားပါတယ်။
မစ္စတာ O’Brien ကတော့ တရုတ် အရေး ဆွေးနွေးဖို့ အတွက် ဥရောပကို ခရီးသွားပြီးနောက် ပြီးခဲ့တဲ့ သီတင်းပတ်အတွင်း အိမ်ကနေ အလုပ်လုပ်နေတာ ဖြစ်တယ်လို့လည်း တာဝန်ရှိသူတွေက ပြောပါတယ်။ အမျိုးသားလုံခြုံရေး အရာရှိက သမ္မတနဲ့ မကြာခဏ တွေ့ဆုံပါတယ်။ ဒါပေမယ့် ဘယ်အချိန်က နောက်ဆုံးတွေ့ခဲ့သလဲ ဆိုတာတော့ မသိရပါဘူး။ ဇူလိုင်လ ၁၀ ရက်နေ့တုန်းကတော့ Miami က တောင်ပိုင်းစစ်ဌာနချုပ်မှာ သူတို့ နှစ်ဦးကို အတူတွေ့ရပါတယ်။
crd-voa #Myanmar_Online_News
>>Zawgyi<<
အမေရိကန် သမ္မတ Trump ရဲ့ အနီးကပ် အကြံပေး ကိုဗစ်ကူးစက်ခံရ
Tuesday, July 28, 2020
အမေရိကန် အမျိုးသား လုံခြုံရေး အကြံပေး Robert O’Brien ကိုဗစ်- ၁၉ ကူးစက်ခံထားရကြောင်း သမ္မတ အိမ်ဖြူတော်က တနလာင်္နေ့မှာ ကြေညာပါတယ်။
အသက် ၄၅ နှစ် အရွယ် မစ္စတာ O’Brien ဗိုင်းရပ်စ် ကူး စက်ခံရတာဟာဆိုရင် သမ္မတ Donald Trump အစိုးရ အဖွဲ့ထဲမှာ ဗိုင်းရပ်စ် ကူးစက်မှုတွေထဲ အဆင့်မြင့်ဆုံး အရာရှိ ဖြစ်ပါတယ်။ အမျိုးသား လုံခြုံရေး အကြံပေး O’Brien နဲ့ ပတ်သက်ပြီး တနလာင်္နေ့က အိမ်ဖြူတော် မြက်ခင်းပြင်မှာ သတင်းထောက်တွေက မေးမြန်းတာမှာတော့ သူနဲ့ နောက်ပိုင်း မတွေ့ဖြစ်ကြောင်း သမ္မတ Trump က ဖြေကြားသွားပါတယ်။
မစ္စတာ O’Brien ကတော့ တရုတ် အရေး ဆွေးနွေးဖို့ အတွက် ဥရောပကို ခရီးသွားပြီးနောက် ပြီးခဲ့တဲ့ သီတင်းပတ် အတွင်း အိမ်ကနေ အလုပ်လုပ်နေတာ ဖြစ်တယ်လို့လည်း တာဝန်ရှိသူတွေက ပြောပါတယ်။ အမျိုးသား လုံခြုံရေး အရာရှိက သမ္မတနဲ့ မကြာခဏ တွေ့ဆုံပါတယ်။ ဒါပေမယ့် ဘယ်အချိန်က နောက်ဆုံး တွေ့ခဲ့သလဲ ဆိုတာတော့ မသိရပါဘူး။ ဇူလိုင်လ ၁၀ ရက်နေ့တုန်းကတော့ Miami က တောင်ပိုင်း စစ်ဌာနချုပ်မှာ သူတို့ နှစ်ဦးကို အတူတွေ့ရပါတယ်။
crd-voa #Myanmar_Online_News
0 comments:
Post a Comment