Wednesday, July 1, 2020

အိန္ဒိယနိုင်ငံတွင် Covid-19ကူးစက်မှုကြောင့် ကျင်းပခဲ့ရာတွင် သတို့သားကွယ်လွန်ခဲ့ရပြီး ပွဲတက်လာသူ ၉၅ဦး ဗိုင်းရပ်စ်စစ်ဆေးတွေ့ရှိ

အိန္ဒိယနိုင်ငံ ပါထနာမြို့က မင်္ဂလာပွဲတစ်ခုမှာ Covid-19ကူးစက်မှုဖြစ်ပွားခဲ့ရာ သတို့သားကွယ်လွန်သွားခဲ့ရပြီး မင်္ဂလာပွဲတက်ရောက်ချီးမြှင့်တဲ့ဧည့်သည် ၉၅ဦးမှာလည်း ဗိုင်းရပ်စ်စစ် ဆေးတွေ့ရှိကြောင်း သိရပါတယ်။
သတို့သားကဗိုင်းရပ်စ်ကူးစက်ခံရတဲ့ လက္ခဏာတွေပြနေခဲ့ပြီး မင်္ဂလာပွဲအပြီးနှစ်ရက်အကြာမှာ ကွယ်လွန်သွားခဲ့ရတယ်လို့ India Todayရဲ့သတင်းမှာ ဖော်ပြခဲ့ပါတယ်။
သတို့သားရဲ့ကွယ်လွန်မှုကြောင့် မင်္ဂလာစုံတွဲရဲ့ ဆွေမျိုးနီးစပ်တွေကိုပါ စစ်ဆေးခဲ့ကြတာမှာ ၁၅ဦးနှင့် ပွဲတက်ခဲ့သူတွေထဲကနောက်ထပ် ၈၀ဦးမှာပါ ဗိုင်းရပ်စ်စစ်ဆေးတွေ့ရှိခဲ့တာလို့ သိရပါတယ်။
အသက် ၃၀အရွယ်အဆိုပါသတို့သားက မင်္ဂလာပွဲကျင်းပဖို့ မေလ ၁၂ရက်က အိမ်ပြန်ရောက်လာခဲ့ပြီး မင်္ဂ လာပွဲကိစ္စပြင်ဆင်နေချိန်မှာပဲ ဗိုင်းရပ်စ်ကူးစက်ခံရတဲ့လက္ခဏာတွေပြလာခဲ့တာဖြစ်ပေမယ့် မိသားစုက မင်္ဂ လာပွဲကျင်းပနိုင်ဖို့ကိုသာ ဆက်လုပ်နေခဲ့ကြတယ်လို့ ရဲတပ်ဖွဲ့က ဆိုပါတယ်။
သတို့သားမှာ Covid-19 လက္ခဏာတွေပြနေလျက်နဲ့ မိသားစုကမင်္ဂလာပွဲကိုသာ ဆက်လုပ်နေတယ်ဆို တာ က ဗိုင်းရပ်စ်ဆိုင်ရာညွန်ကြားချက်တွေကို ချိုးဖောက်ကျူးလွန်ခဲ့တာလို့ ပါထနာအုပ်ချုပ်ရေးအဖွဲ့က ဆိုပါတယ်။
crd-PyiMyanmar #Myanmar_Online_News
>>Zawgyi<<

0 comments:

Post a Comment