ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့၊ မြို့ရှောင်လမ်း၊ အိုရီယမ်တယ်တိုးဂိတ်တွင် ဇူလိုင်လ ၂၆ ရက်၊ ည ၁၁ နာရီခန့်က တရားမဝင် ဝင်ရောက်လာသည့် တရုတ်နိုင်ငံသား ၈ ဦးအား ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
အဆိုပါ တရုတ်နိုင်ငံသားများသည် မူဆယ်မြို့မှတစ်ဆင့် မြန်မာနိုင်ငံတွင်းသို့ တရားမဝင် ဝင်ရောက်လာခြင်းဖြစ်ပြီး ၎င်းတို့အား မြဝတီမြို့သို့ ပို့ဆောင်ရန်အတွက် တစ်ဦးလျှင် ကျပ် ၃ သိန်းနှုန်းဖြင့် တင်ဆောင်လာခဲ့ခြင်းဖြစ်ကြောင်း ယာဉ်မောင်း ခင်မောင် (ခ) စန်းနိုင်က ထွက်ဆိုထားသည်ဟု ရဲမှတ်တမ်းများအရ သိရသည်။
တရားမဝင် ဝင်ရောက်လာသည့် တရုတ်နိုင်ငံသားများမှာ ကွေ့ကျုံးပြည်နယ်၊ ဖူးကျင့်ပြည်နယ်၊ ရှန်းရှီးရှန်ပြည်နယ်၊ ကွမ်းရှီးပြည်နယ်၊ ချူပင်ပြည်နယ်၊ စီးချွမ်းပြည်နယ်တို့မှ ဖြစ်ကြပြီး ဇူလိုင်လ ၂၆ ရက်၊ နံနက် ၉ နာရီခန့်က တရုတ် နိုင်ငံ၊ ရွှေလီမြို့မှ မူဆယ်မြို့သို့ တရားမဝင်လမ်းကြောင်းအတိုင်း ဝင်ရောက်ကာ ၁၀၅ မိုင်ဂိတ်တွင် မြဝတီသို့ သွားရောက်အလုပ်လုပ်ကိုင်ရန်အတွက် ကားငှားလာကြစဉ် လားရှိုးမြို့ရှောင်လမ်း၊ အိုရီယမ်တယ်တိုးဂိတ်၌ ဖမ်းဆီးခံခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။
Ref ; Kanbawza Tai News
0 comments:
Post a Comment