Thursday, July 2, 2020

တရားဟော ဆရာ ဒေးဗစ်လားကို စွဲချက်တင်ရန် တရားရုံးမှ ဆုံးဖြတ်လိုက်ပြီး အမှုဆက်လက်ရင်ဆိုင်ရမည်ဖြစ်

COVID-19 ကာလအတွင်း လူစုလူဝေးပြုလုပ်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ တရားစွဲဆိုခံထားခဲ့ရတဲ့တရားဟောဆရာ စောဒေးဗစ်လားနဲ့ နဝရတ်တေးသံသွင်း ဦးဝေထွန်းတို့ကို ယနေ့ ဇူလိုင်လ ၂ ရက်နေ့မှာ စွဲချက်တင်၊မတင် ကို အမိန့်ချမှတ်သွားခဲ့ပြီး တရားရုံးမှ စွဲချက်တင်ရန်ဆုံးဖြတ်ချက်ပေးခဲ့ပြီး အမှုဆက်လက်ရင်ဆိုင်ရမှာဖြစ်သည်။
ဒီနေ့ကတော့ ကိုးကြိမ်မြောက်ရုံးချိန်းလည်းဖြစ်ပြီး နောက်တစ်ကြိမ်ရုံးချိန်းကို အင်္ဂါနေ့ ဇူလိုင်လ ၇ ရက်နေ့တွင် ပြန်လည် ချိန်းဆိုထားကြောင်းနှင့် ပြန်ခေါ် သက်သေ တစ်ဦး စစ်ဆေးရန်ပြန်လည် ခေါ်ယူထားကြောင်း သိရသည်။
ဒီအမှုအတွက် တရားလိုပြ သက်‌သေ ၁၄ ဦးတင်ထားပြီး တစ်ဦးပယ်ခဲ့တာကြောင့် ၊ သက်သေ ၁၃ ဦးကို စစ်ဆေးခဲ့တာ ဖြစ်ပါတယ်။
တရားဟောဆရာ စောဒေးဗစ်လားကို သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဥပဒေပုဒ်မ ၂၅ ဖြင့် တရားစွဲဆိုထားတာဖြစ်ပြီး ပြစ်မှုထင်ရှားခဲ့ရင်တော့ ထောင်ဒဏ် ၃ နှစ်အောက် ဒါမှမဟုတ် ငွေဒဏ် ကျခံရမှာပဲ ဖြစ်ပါတယ်။

0 comments:

Post a Comment