Thursday, July 2, 2020

တေးသံရှင်မနောရဲ့`လူပျို`တေးသီချင်းမှာ သရုပ်ဆောင်ထားတဲ့ ပုံရိပ်တွေအတွက် တောင်းပန်ဖို့ပြောကြားခံထားရ

တေးသံရှင်မနောသီဆို သရုပ်ဆောင်ထားတဲ့ ရုပ်သံသီးချင်းထဲမှာ ပါဝင်တဲ့ သရုပ်ဆောင်မှုတွေက ရတနာပုံတက္ကသိုလ် ကျောင်းသား၊ကျောင်းသူတွေ ဂုဏ်သိက္ခာညှိနွမ်းစေတဲ့အပြင် အမျိုးသမီးများအပေါ် စိတ်ပိုင်း၊ ရုပ်ပိုင်း၊လိင်ပိုင်းဆိုင်ရာတွေကို ထိပါးနှောင်ယှက်တာတွေပါဝင်နေတဲ့အတွက် တစ်ပတ်အတွင်း တောင်းပန်ရမယ်လို့ ရတနာပုံတက္ကသိုလ်ကျောင်းသားတွေ ယနေ့ပြုလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာပြောကြားလိုက်ကြောင်း သိရှိရပါတယ်။
ဇွန်လ ၂၆ ရက်က ဖေ့စ်ဘွတ်ခ်တွင် တင်ခဲ့သည့် ‘လူပျို’ အမည်ရှိ MTV သည် ရတနာပုံ တက္ကသိုလ်နှင့် အနီးပတ်ဝန်းကျင်တွင် ရိုက်ကူးထားပြီး အဆိုတော် မနောနှင့် အိချောပိုတို့ ပါဝင်သရုပ်ဆောင်ထားသည်။
အဆိုပါ MTV တွင် ပါဝင်သည့် သရုပ်ဆောင်မှုများ၊ အမူအရာများမှာ ရတနာပုံတက္ကသိုလ် ကျောင်းသား ကျောင်းသူများနှင့် ကျောင်း၏ ဂုဏ်သိက္ခာကို ထိခိုက်စေကြောင်း ရတနာပုံတက္ကသိုလ် ကျောင်းသား ကိုမျိုးချစ်ဇော်က ပြောကြားခဲ့သည်။
Crd : Mizzia

0 comments:

Post a Comment