Thursday, July 2, 2020

စင်ကာပူနိုင်ငံ ရွေးကောက်ပွဲအတွက် မဲဆွယ်စည်းရုံးမှုများ စတင်နေပြီဖြစ်

စင်ကာပူနိုင်ငံတွင် ရွေးကောက်ပွဲအတွက် မဲဆွယ်စည်းရုံးမှုများ စတင်နေပြီဖြစ်ကြောင်း ယနေ့သတင်းများအရ သိရသည်။
ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်မည့် လွှတ်တော်အမတ် ၂၀၀ ခန့်သည် အမတ်နေရာ ၉၃ နေရာ အတွက် ယှဉ်ပြိုင်ရမည်ဖြစ်သည်။ငါးနှစ်အတွင်း ပထမဆုံးအကြိမ်အဖြစ် ကျင်းပသော ယခုရွေးကောက် ပွဲကို ဇူလိုင် ၁၀ ရက်တွင် စတင်မည်ဖြစ် သည်။
ယခုရွေးကောက်ပွဲသည် နိုင်ငံ အတွင်း ရင်ဆိုင်နေရသည့် စိန်ခေါ်မှု များကို ရင်ဆိုင်ဖြေရှင်းရန် အစိုးရအဖွဲ့ အသစ်ပြန်လည်ဖွဲ့စည်းမည့် ပါတီစုံရွေးကောက်ပွဲ တစ်ခုဖြစ်ကြောင်း ဝန်ကြီးချုပ် လီရှန်လွန်းက ဆိုသည်။
ရွေးကောက်ပွဲအတွက် မဲဆွယ်စည်းရုံးမှုများသည် နိုင်ငံအတွင်း ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါဖြစ်ပွားမှုကြောင့် ခရီးသွားလာခွင့်များ ပိတ်ပင် ခဲ့သည့်အတွက် နှောင့်နှေးကြန့်ကြာမှု များရှိခဲ့သည်။ ယခုအချိန် စီးပွားရေးလုပ်ငန်းများ ပြန်လည်လုပ်ကိုင်ခွင့်ပြုခဲ့ပြီးနောက် ရက်သတ္တပတ် အနည်းငယ်အကြာတွင် မဲဆွယ်စည်းရုံးမှုများကို စတင်ခွင့်ပြုခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
လက်ရှိအချိန်အထိ နိုင်ငံအတွင်း ဗိုင်းရပ်စ်ကူးစက်ခံရသူ ၄၃၀၀၀ ကျော် ရှိပြီး ယမန်နေ့တွင် ဗိုင်းရပ်စ်ကူးစက် ခံရသူ ၂၄၆ ဦး ထပ်မံတွေ့ရှိခဲ့သည်။နိုင်ငံအတွင်း ဗိုင်းရပ်စ်ကူးစက်မှု များ မြင့်တက်လျက်ရှိသည့်အတွက် ရွေးကောက်ပွဲကော်မရှင်က လွှတ်တော်အမတ်လောင်းများအား မဲဆွယ် စည်းရုံးခွင့် ပိတ်ပင်ခဲ့ခြင်းဖြစ်သည်။ ထို့ကြောင့် နိုင်ငံအတွင်းရှိ ပါတီများနှင့် အမတ်လောင်းများသည် ထောက်ခံမဲ အသာစီးရရှိရန် လူမှုကွန်ရက်များကို အားကိုးအားထားပြုနေရကြောင်း သိရသည်။
လက်ရှိ အာဏာရပြည်သူ့အရေး လှုပ်ရှားမှုပါတီသည် တိုင်းပြည်၏ အချုပ်အခြာ၊ အာဏာကို နှစ်ပေါင်း ၆၀ ကျော်ကြာ ထိန်းသိမ်းစောင့် ရှောက်နေရသည်။ ပါတီကို လက်ရှိ ဝန်ကြီးချုပ် လီရှန်လွန်း၏ ဖခင် လီကွမ်ယုက စတင်တည်ထောင်ခဲ့ ခြင်းဖြစ်သည်။
Source : အင်န်အိတ်ချ်ကေ
ဘာသာပြန်-အောင်ကျော်ကျော်

0 comments:

Post a Comment