Wednesday, July 1, 2020

ဟောင်ကောင်အပေါ်ပြဌာန်းလိုက်သည့် အမျိုးသားလုံခြုံရေးဉပဒေသည် ‘One Country ,Two System’ ၏ မှတ်တိုင်တစ်ခုဖြစ်

ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဟောင်ကောင်၏ အမျိုးသားလုံခြုံရေးဉပဒေသည် "One Country, Two Systems," ကို တိုးတက်လာစေသည့် သမိုင်းမှတ်တိုင်တစ်ခု ဖြစ်ကြောင်း နိုင်ငံတော်ကောင်စီဝင်ဟောင်ကောင်နှင့် မကာအိုရေးရာရုံး၏ လက်ထောက် ညွှန်ကြားရေးမှူး Zhang Xiaoming မှ ဇူလိုင်လ ၁ ရက်နေ့တွင် ပြောကြားခဲ့ပါသည်။
ဟောင်ကောင်အတွက်အမျိုးသားလုံခြုံရေးဉပဒေပြဌာန်းခြင်းနှင့်ပတ်သက်၍ နိုင်ငံတော်ကောင်စီပြန်ကြားရေးရုံးမှပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် ၎င်းမှ ပြောကြားခဲ့ခြင်းဖြစ်ပါသည်။
အဆိုပါဉပဒေသည် ဟောင်ကောင်အတွက် ကြွယ်ဝချမ်းသာမှုနှင့် တည်ငြိမ် အေးချမ်းခြင်းတို့ကို ထိန်းသိမ်းရန်အတွက်ချမှတ်ခဲ့ခြင်းဖြစ်ကြောင်း Zhang မှ ဖြည့်စွက်ပြောကြားခဲ့ပါသည်။
အဆိုပါဉပဒေသည် ဟောင်ကောင်၏ တရားရေးစနစ်တွင် လိုအပ်ချက်များကို ဖြည်ဆည်းပေးနိုင်လိမ့်မည်ဖြစ်ကြောင်း တရုတ်နိုင်ငံ အမျိုးသားပြည်သူ့ကွန်ဂရက် ဖွဲ့စည်းပုံအခြေခံဉပဒေနှင့် ဉပဒေရေးရာကော်မတီမှ ဒုဉက္ကဌဖြစ်သူ Shen Chunyao မှ ပြောကြားခဲ့ပါသည်။
"One Country, Two Systems" မူဝါဒကို တိုးတက်စေရန်နှင့် ထိန်းသိမ်းရန်အတွက် တရားဉပဒေစိုးမိုးရေးသည် အလွန်အရေးကြီးကြောင်း Shen Chunyao မှ ပြောကြားခဲ့ပါသည်။
ထို့အပြင် နိုင်ငံတော်၏အချုပ်အခြာအာဏာ၊ လုံခြုံရေးနှင့် ဟောင်ကောင်၏ ရေရှည်တည်ငြိမ်အေးချမ်းရေး၊ ကြွယ်ဝချမ်းသာရေးတို့အတွက်ပါ အရေးကြီးကြောင်း Zhang မှ ဖြည့်စွက်ပြောကြားခဲ့ပါသည်။
source-CGTN #Myanmar_Online_News
>>Zawgyi<<

0 comments:

Post a Comment