Thursday, December 27, 2018

ဗိုလ်ချုပ်အောင်ဆန်း၏ဇနီး ဒေါ်ခင်ကြည် ကွယ်လွန်ခြင်း နှစ် ၃ဝ ပြည့် နှစ်ပတ်လည် ဆွမ်းကျွေးအလှူနှင့် ဘာသာပေါင်းစုံ ဆုတောင်းပွဲ ကျင်းပ



အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၏ဇနီး ဒေါ်ခင်ကြည် ကွယ်လွန်ခြင်း နှစ် ၃ဝ ပြည့် နှစ်ပတ်လည် ဆွမ်းကျွေးအလှူကို ယနေ့ နံနက် ၁ဝ နာရီက ရန်ကုန် မြို့တက္ကသိုလ်ရိပ်သာလမ်း အမှတ် ၅၄ ရှိ သမီးဖြစ်သူ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်၌ ပြုလုပ်သည်။ 

နှစ်ပတ်လည်ဆွမ်းကျွေးအလှူတွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က မိခင်ကြီး ဒေါ်ခင်ကြည်အား ရည်စူး၍ ချမ်းမြေ့ရိပ်သာဆရာတော် အရှင်ဇနကာဘိဝံသ အမှူးပြုသော သံဃာတော် ၁၆ ပါးတို့အား ပင့်ဖိတ်ကာ ဆွမ်းနှင့်သင်္ကန်းများ ဆက်ကပ်လှူဒါန်းပြီး အနုမောဒနာတရားနာယူကာ ရေစက်သွန်းလောင်းအမျှပေးဝေသည်။ 

မွန်းလွဲပိုင်းတွင် ဘာသာပေါင်းစုံမှ ဘာသာရေးခေါင်းဆောင်များက နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏မိခင်ကြီး ဒေါ်ခင်ကြည်အတွက် ဘာသာ အလိုက် အောက်မေ့ဖွယ်ရာ ဆုတောင်းမေတ္တာများ ပို့သကြသည်။ 

ဘာသာပေါင်းစုံဆုတောင်းခြင်းအခမ်းအနားတွင် ဟိန္ဒူဘာသာ၊ ခရစ်ယာန် ဘာသာ၊ အစ္စလာမ်ဘာသာ၊ ဂျူးဘာသာနှင့် ဘဟာအီဘာသာတို့မှ ဘာသာရေး ခေါင်းဆောင်များက မေတ္တာစကားပြောကြားခြင်းနှင့် ဆုတောင်းမေတ္တာပို့သခြင်းများကို ပြုလုပ်ခဲ့ကြသည်။ 


Credit - MSCO 
The Ladies News

0 comments:

Post a Comment