Friday, December 28, 2018

တရုတ်သင်္ဘော အပြုအမူ ဂျပန်ကန့်ကွက်


ဂျပန်နိုင်ငံတောင်ပိုင်း ပင်လယ်ပြင်အတွင်း မသင်္ကာဖွယ် ၀င်ရောက်နေတဲ့ တရုတ်ငါးဖမ်းသင်္ဘောတစီးကို ဂျပန်အာဏာပိုင်တွေက တက်ရောက် စစ်ဆေးနေစဉ်အတွင်း အဲဒီသင်္ဘောဟာ မောင်းနှင်ထွက်ပြေးသွားခဲ့တဲ့အတွက် ဒီအပြုအမူကို ကန့်ကွက်ကြောင်း ဂျပန်အစိုးရက တရုတ်ကို အသိပေးခဲ့ပါတယ်။ 
နိုဝင်ဘာလ ၅ ရက်နေ့က ဂျပန်ပင်လယ်ပြင်အတွင်း ၀င်ရောက်နေတဲ့ တရုတ်သင်္ဘောကို ဂျပန်အစိုးရအရာရိ ၁၀ ဦး တက်ရောက် စုံစမ်းစစ်ဆေးနေစဉ်အတွင်း အဲဒီသင်္ဘောက နိုင်ငံတကာရေပိုင်နက်အထိ ဆက်လက် မောင်းနှင်သွားခဲ့ပါတယ်။ 

ဂျပန်အာဏာပိုင်တွေဟာ ကမ်းခြေစောင့်တပ်ဖွဲ့အကူအညီနဲ့ အဲဒီ တရုတ်သင်္ဘောနောက်ကို နေ့တ၀က်ကြာတဲ့အထိ လိုက်ခဲ့ရပါတယ်။ တက်ရောက်စစ်ဆေးခဲ့တဲ့ ဂျပန်အရာရှိတွေလည်း နိုင်ငံတကာရေပိုင်နက်ထဲ ရောက်နေပြီဖြစ်တဲ့ တရုတ်သင်္ဘောကို ပြန်လွှတ်ပေးခဲ့ရပြီး ကမ်းခြေစောင့်သင်္ဘောနဲ့ ပြန်လာခဲ့ရတယ်လို့ သိရပါတယ်။ 

Photo: JAPAN COAST GUARD / AFP 
(တရုတ်ငါးဖမ်းသင်္ဘောတစင်းကို တွေ့ရစဉ်) 
RFA

0 comments:

Post a Comment