Thursday, December 27, 2018

၅၀၀ ကေဗီဓာတ်အားလိုင်း ကြိုးဆွဲခြင်းလုပ်ငန်းများ တရုတ်ကုမ္ပဏီများက ဆောင်ရွက်မည်

ပြည်တွင်း၌ ပထမဆုံး ၅၀၀ ကေဗီဓာတ်အားလိုင်း ကြိုးဆွဲခြင်းလုပ်ငန်းများ တရုတ် ကုမ္ပဏီများကို လုပ်ငန်းအပ်နှံခဲ့ ကြောင်း ဒီဇင်ဘာ ၂၆ ရက်တွင် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနက သတင်းထုတ်ပြန်သည်။ 
မြန်မာနိုင်ငံတွင် လက်ရှိ အ သုံးပြုနေသည့် ၂၃၀ ကေဗီဓာတ် အားသည် ဓာတ်အားပို့ လွှတ်ဖြန့်ဖြူးရာတွင် ဓာတ်အားပျောက်ဆုံး မှုများခြင်းနှင့် စနစ်တစ်ခုလုံး အပြစ်ဖြစ်ခြင်း (System Break-down) တို့ကြောင့် ၅၀၀ ကေဗီဓာတ်အားလိုင်း တည်ဆောက်ရ ခြင်းဖြစ်သည်ဟု လျှပ်စစ်နှင့် စွမ်း အင်ဝန်ကြီး ဦးဝင်းခိုင်က ပြောသည်။ ယခု ဓာတ်အားလိုင်းကို ပင်မကျောရိုးအဖြစ် သတ်မှတ်ပြီး ဓာတ်အားလိုင်း ဆွဲမည့်နေရာ သည် မိတ္ထီလာ (ကံကောင်း)- တောင်ငူ (စပါးကြွယ်)အထိ ဖြစ်သည်။ ထို ဓာတ်အားလိုင်းအတွက်၂၀၁၄ တွင် ဝန်ကြီးဌာနက လမ်းအူကြောင်း ရှာဖွေခဲ့ပြီးဖြစ်သည်။ 

‘‘မြန်မာနိုင်ငံရဲ့ ပထမဦးဆုံး ၅၀၀ ကေဗီဓာတ်အားလိုင်း စီမံ ကိန်းတစ်ခုဖြစ်တဲ့အပြင် ဓာတ် အားလိုင်းပြီးရင် ပြည်သူတွေကို ဓာတ်အားပျောက်ဆုံးမှုနည်းနည်း နဲ့ ဓာတ်အားပိုမိုဖြန့်ဖြူးပေးလာ နိုင်တော့မယ်’’ဟု ဦးဝင်းခိုင်က ပြောသည်။ 

ယခု ဓာတ်အားလိုင်းသည် မြန်မာနိုင်ငံမြောက်ဖျားမှ ရေအား လျှပ်စစ်စက်ရုံများနှင့် တည် ဆောက်မည့် စက်ရုံများမှ လျှပ် စစ်ဓာတ်အားများကို မြန်မာနိုင်ငံ တောင်ပိုင်းအထိ ပို့လွှတ်နိုင်ရေး ဖြစ်သည်ဟု ဦးဝင်းခိုင်က ဆို သည်။ ဝန်ကြီးဌာနနှင့် လုပ်ငန်း သဘောတူစာချုပ်ချုပ်ဆိုသည့် တရုတ်ကုမ္ပဏီနှစ်ခုသည် China Energy Engineering Group Hunan Electric Power Design Institute ကုမ္ပဏီနှင့် SEPCO Electric Power Construction ကော်ပိုရေးရှင်းတို့ဖြစ်သည်။ SEPCO ကော်ပိုရေးရှင်းသည် ကမ္ဘာ့အကြီးဆုံး ဆောက်လုပ်ရေး ကုမ္ပဏီစာရင်းဝင် ကော်ပိုရေးရှင်း ဖြစ်သည်။ 

၅၀၀ ကေဗီဓာတ်အားလိုင်း ကွန်ရက်ချိတ်ဆက်ရန် လှိုင်သာ ယာ-ပဲခူး၊ ဘုရားကြီးကြား ဓာတ် အားလိုင်း မိုင် ၆၀ ကို ဂျပန်ချေး ငွေဖြင့် တည်ဆောက်ရန် ဂျပန် ကုမ္ပဏီနှင့် ဂျပန်-မြန်မာဖက်စပ် ကုမ္ပဏီများကို ဝန်ကြီးဌာနက ဒီဇင်ဘာ ၆ ရက်တွင် ဖိတ်ခေါ်ခဲ့ သည်။ 

၅၀၀ ကေဗီဓာတ်အားလိုင်း ကို မိတ္ထီလာ-တောင်ငူတွင် စတင်ပြီး တောင်ငူ-ဘုရားကြီးအထိ ချိတ်ဆက်မည်ဖြစ်သည်။ ထို့ နောက် ဘုရားကြီး-လှိုင်သာယာ -ဧရာဝတီတိုင်းအထိနှင့် ဘုရား ကြီးမှတစ်ဆင့် မော်လမြိုင်- ထားဝယ်အထိ ချိတ်ဆက်ရန်ဖြစ် သည်ဟု ဝန်ကြီးဌာနက ထုတ်ပြန် ထားသည်။ 

လက်ရှိ ပြည်တွင်းတွင် ဓာတ်အားပို့လွှတ်ရာ၌ ၂၃၀ ကေဗီ၊ ၁၃၂ ကေဗီ၊ ၆၆ ကေဗီ၊ ၃၃ ကေဗီနှင့် ၁၁ ကေဗီဟူ၍ ရှိသည်။

7Day

0 comments:

Post a Comment