Thursday, December 27, 2018

တောင်ကြီး၌ စည်းကမ်းမဲ့ယာဉ်များကို ထိရောက်စွာ စစ်ဆေးအရေးယူနေဟုဆို


တောင်ကြီးမြို့တွင် ယာဉ်လမ်းအန္တရာယ်ကင်းရှင်းစေ ရေး ၂၀၁၈ ဒီဇင်ဘာလဆန်းပိုင်း ကစ၍ မြို့တွင်း၊ မြို့ပြင်နေရာများ၌ စည်းကမ်းမဲ့ယာဉ်များ ဖမ်းဆီးအရေးယူမှုများ ထိထိရောက် ရောက် ဆောင်ရွက်နေကြောင်း အမှတ် (၁၈) ယာဉ်ထိန်းရဲ ဒုတပ်ဖွဲ့ခွဲ (ရှမ်းတောင်) မှ တာဝန်ခံရဲမှူး မျိုးဇော်အောင်က ပြောသည်။ 
ယာဉ်လမ်း စည်းကမ်းနှင့် ပတ်သက်သည့် ပညာပေးလုပ် ငန်းများ လုပ်ဆောင်ခဲ့သည့်သတ် မှတ်ကာလ ကျော်လွန်ပြီဖြစ်သဖြင့် အရေးယူခြင်းဖြစ်ကြောင်း ၎င်းကပြောသည်။ 

‘‘ဆိုင်ကယ်လှည့်ကင်းအဖွဲ့ သုံးဖွဲ့ စေလွှတ်ပြီးတော့ စည်း ကမ်းမဲ့ယာဉ်တွေ၊ ဖမ်းဆီးထိန်း သိမ်းတာတွေ အရေးယူတာတွေ လုပ်ဆောင်နေတယ်’’ ဟု ရဲမှူး မျိုးဇော်အောင်က ပြောသည်။ 

တောင်ကြီးမြို့ အဓိက လမ်းမကြီးများဖြစ်သည့် အရှေ့ မြို့ပတ်လမ်း၊ အနောက်မြို့ပတ် လမ်းနှင့် မိန်းလမ်းစသည့် ယာဉ် ကြောကျပ်နိုင်သည့် နေရာများ တွင် ကုန်တင်ယာဉ်များ၊ ခရီး သည်တင် လေအိတ်ယာဉ်ကြီး များနှင့် မြို့တွင်း လှည့်လည်ကုန် တင်၊ ကုန်ချပြုလုပ်သည့် ယာဉ် များကို စစ်ဆေးအရေးယူနေသည်ဟု ၎င်းကပြောသည်။ 

ထိုသို့ ဖမ်းဆီးအရေးယူမှု များကြောင့် မြို့တွင်းယာဉ်ကြော ကျပ်တည်းမှုနည်းလာခြင်း၊ စည်း ကမ်းမဲ့ယာဉ်နှစ်ထပ်ရပ်မှု လျော့ နည်းခြင်း၊ ဆိုင်ကယ်စီးလျှင် ဦး ထုပ်ဆောင်းခြင်းစသည့် အကျိုး ကျေးဇူးများဖြစ်ပေါ်လာသည်ဟု ရဲမှူးမျိုးဇော်အောင်ကဆိုသည်။ 

ဒီဇင်ဘာအတွင်း တောင် ကြီးမြို့တွင်း၊ မြို့ပြင်နေရာများ တွင် စည်းကမ်းပျက်ယာဉ်များ ဖမ်းဆီးရမိမှု ၂၀၀ ကျော်ရှိပြီး တရားရုံးက ဒဏ်ငွေကျပ် ၂၂သိန်းကျော် ပေးဆောင်စေခဲ့သည်ဟု ၎င်းကပြောသည်။ 

ယင်းသို့စစ်ဆေးအရေးယူမှု နှင့် ပတ်သက်၍ တောင်ကြီးဒေသ ခံ ဦးဝင်းကိုကိုက ‘‘ဖမ်းတာကြိုက် တယ်၊ စည်းကမ်းမဲ့ယာဉ်နှစ်ထပ် ရပ်တာတွေ့တာနဲ့ တန်းချလန် ဖြတ်တော့ နောက်ထပ်မရပ်ရဲ တော့ဘူး’’ဟု ပြောသည်။ 

၂၀၁၇ က ရှမ်းပြည်နယ်အ တွင်း ယာဉ်မတော်တဆမှု ၄၆၂မှုဖြစ်ပွားခဲ့ပြီး ဒဏ်ရာရရှိမှု၁,၆၀၀၊ သေဆုံးမှု ၅၂၄ မှုရှိခဲ့သည်ဟု အမှတ် (၁၈) ယာဉ်ထိန်းရဲ ဒုတပ်ဖွဲ့ခွဲ (ရှမ်းတောင်) က ထုတ်ပြန်ထားသည်။၂၀၁၈ ဇန်နဝါရီမှ ဒီဇင်ဘာ လဝက်အထိ ယာဉ်မတော်တဆမှု ၄၀၆ မှု ဖြစ်ပွားပြီး သေဆုံးဒဏ် ရာရရှိသူ ၄၈၉ ဦးရှိကာ ယာဉ်မ တော်တဆမှုဖြစ်စဉ်များ ယခင် နှစ်ထက် ၁၅ ရာခိုင်နှုန်း လျော့ကျ လာသည်ဟု အမှတ် (၁၈) ယာဉ် ထိန်းရဲတပ်ဖွဲ့ခွဲ (ရှမ်းတောင်) က ထုတ်ပြန်ထားသည်။

7Day

0 comments:

Post a Comment