Thursday, December 27, 2018

နှစ်သစ်ကူးည YBS ယာဉ်လိုင်းအချို့ ညကြီးပိုင်းပြေးဆွဲမှု ရပ်နားမည်



နှစ်သစ်ကူးအကြိုညဖြစ်သော (၃၁ -၁၂-၂၀၁၈)တွင် YBS ယာဉ်လိုင်းအချို့ဖြစ်သည့် YBS-20, YBS-83, YBS-98, YBS-99 နှင့်YBS-Airport Shuttle ယာဉ်လိုင်းများကို ညကြီးပိုင်းပြေးဆွဲမည်မဟုတ်ကြောင်းအသိပေးထားသည်။ 



Omni Focus ကုမ္ပဏီ ၏ YBS ယာဉ်လိုင်းများကို ညကြီးပိုင်းပြေးစွဲမှု ယာယီရပ်နားမည်ဖြစ်ကာ ၎င်းနေ့အတွက်နောက်ဆုံးထွက်မည့်ကား အချိန်များကိုလည်း မကြာမီဖော်ပြပေးမည်ဟုသိရသည်။ 

ညကြီးပိုင်းပြေးဆွဲမှုရပ်နားရာတွင် (၂၄)နာရီပြေးဆွဲနသည့်ယာဉ်လိုင်းအချို့ပါဝင်နေသောကြောင့် ခရီးသည်များကြိုတင်သိရှိနိုင်ရန် အသိပေးထားခြင်းဖြစ်ကြောင်း သိရသည်။ 


Popular News Journal 

0 comments:

Post a Comment