Thursday, December 27, 2018

စက်သုံးဆီဈေး ထပ်မံကျဆင်းနေပြီး ဆက်လက်ကျဆင်းနိုင်သေးကြောင်း ဈေးကွက်ကျွမ်းကျင်သူအချို့ ခန့်မှန်း

ပြည်တွင်းစက်သုံးဆီ ဈေးနှုန်း ငါးရက်အတွင်း တစ်လီတာလျှင် ၃၅ ကျပ်မှ ၅၀ ကျပ်နှုန်း စီ စံချိန်တင်ထပ်မံကျဆင်းခဲ့သည်။ပြည်တွင်း စက်သုံးဆီ ရန်ကုန်အထိုင်နှုန်းထားမှာ ဒီဇင်ဘာ ၂၇ ရက်က အောက်တိန်း-92 တစ် လီတာလျှင် ၇၁၀ ကျပ်၊ အောက် တိန်း-95 တစ်လီတာလျှင် ၇၉၅ ကျပ်၊ ဒီဇယ်တစ်လီတာလျှင် ကျပ် ၈၉၀ နှင့် ပရီမီယံဒီဇယ်တစ် လီတာလျှင် ကျပ် ၉၀၀ နှုန်း ရှိခဲ့ သည်။ 
အဆိုပါ နှုန်းထားများအရ ငါးရက်အတွင်း အောက်တိန်း-92 သည် တစ်လီတာလျှင် ၅၀ ကျပ်၊အောက်တိန်း -92 မှာ တစ်လီ တာလျှင် ၅၀ ကျပ်၊ အောက်တိန်း -95 မှာ တစ်လီတာလျှင် ၄၀ ကျပ် ကျဆင်းခြင်းဖြစ်သည်။ 

ထို့ကြောင့် အောက်တိန်း ဆီနှစ်မျိုးသည် ယခုနှစ်အတွင်း အ နိမ့်ဆုံးဈေးအဖြစ် ဆက်လက်ရပ် တည်နေသည်။ 

ဒီဇယ်နှင့် ပရီမီယံဒီဇယ် သည် တစ်လီတာလျှင် ၃၅ ကျပ်စီ ကျဆင်းပြီး ဒီဇယ်ဆီသည် တစ်လီတာကျပ် ၉၀၀ အောက်သို့ ပြန် လည်ရောက်ရှိခဲ့သည်။ 

‘‘ဒေါ်လာဈေးရော၊ ကမ္ဘာ့ ရေနံစိမ်းဈေးရောက ဆက်တိုက် ကျဆင်းနေတာကြောင့် ပြည်တွင်းစက်သုံးဆီဈေးက လိုက်ကျနေ တာပါ။ ဆက်ကျနိုင်သေးတယ်လို့ တော့ မျှော်လင့်တယ်’’ဟု စက် သုံးဆီရောင်းဝယ်ရေးလုပ်ငန်းရှင် တစ်ဦးက ပြောသည်။ 

ကမ္ဘာ့ရေနံစိမ်းဈေးသည် ဒီဇင်ဘာ ၂၇ ရက်က တစ်စည် လျှင် ၅၅ ဒေါ်လာခန့်ရှိပြီး တစ် ပတ်အတွင်း ငါးဒေါ်လာခန့် ကျ ဆင်းခဲ့သည်။ 

ထို့အပြင် နိုင်ငံခြားငွေလဲ နှုန်းသည် ဒီဇင်ဘာ ၂၇ ရက်က ကန်တစ်ဒေါ်လာလျှင် အရောင်း ၁,၅၄၇ ကျပ်ရှိကာ အ၀ယ် ၁,၅၃၈ ကျပ် ရှိသည်။

7Day

0 comments:

Post a Comment