Sunday, December 30, 2018

တားမြစ်နယ်မြေသို့ ၀င်ရောက်ခဲ့သော ဂျာမနီဇနီးမောင်နှံကို အမည်ပျက်စာရင်းသွင်းကာ နယ်နှင်ဒဏ်ပေး

ကရင်ပြည်နယ်အတွင်း ကမ္ဘာလှည့်ခရီးသွားများ သွားလာခွင့်တားမြစ်ထားသည့် နေရာသို့ ၀င်ရောက်ခဲ့သော ဂျာမနီနိုင်ငံ သားဇနီးမောင်နှံကို ထိန်းသိမ်း စစ်ဆေးပြီး အမည်ပျက်စာရင်း သွင်းကာ နယ်နှင်ဒဏ်ပေးခဲ့သည်။
အသက်(၅၀)အရွယ် ဂျာမနီ နိုင်ငံသားဇနီးမောင်နှံသည် ကမ္ဘာ လှည့်ခရီးသွားများဝင်ရောက်ခွင့် တားမြစ်ဒေသတွင်ပါဝင်သော ကရင်ပြည်နယ် ဖာပွန်မြို့နယ်သို့ ခွင့်ပြုချက်မရဘဲ ၀င်ရောက်ခဲ့ သည်ဟု ကရင်ပြည်နယ်ရဲတပ်ဖွဲ့ မှူး ရဲမှူးကြီးအောင်မြတ်မိုးက ပြောသည်။

ဒီဇင်ဘာလလယ်က ၀င် ရောက်လာ၍ အကျိုးအကြောင်း ပြောကာ ပြန်လွှတ်ခဲ့သော်လည်း ရက်ပိုင်းအတွင်းထပ်မံဝင်ရောက် လာရာ နှစ်ပတ်ကြာထိန်းသိမ်းပြီး ဒီဇင်ဘာ ၂၉ ရက်က ပြည်နှင်ဒဏ် ပေးခဲ့ခြင်းဖြစ်သည်။
ရဲမှူးကြီးအောင်မြတ်မိုးက ‘‘အပူဒဏ်ရှောင်ချင်လို့ တော လမ်းခရီးကိုသုံးတယ်ပေါ့။ တခြား ရည်ရွယ်ချက်လည်း ရှိကောင်းရှိ မယ်။ ရဲတို့၊ လ၀ကတို့က တား တယ်။ ဒုတိယအကြိမ်မှ အမှုဖွင့် အရေးယူတာ’’ ဟု ပြောသည်။
အဆိုပါဇနီးမောင်နှံသည် ဘားအံ-မြိုင်ကြီးငူ-ကမမောင်း လမ်းကြောင်းအတိုင်း ဖာပွန်သို့ ၀င်ရောက်လာ၍ ရှင်းလင်းပြပြီး ပြန်လွှတ်သော်လည်း ဘီးလင်းလမ်းမှ ပြန်ဝင်လာခြင်းဖြစ်သည်ဟုဆို သည်။
‘‘အဲဒီနေရာတွေက အညို ရောင်၊ အနက်ရောင်နယ်မြေ တွေ။ နိုင်ငံခြားသားကို ပြန်ပေးဆွဲ သွားတာတို့၊ ဖမ်းသွားတာတို့ဆို နှစ်နိုင်ငံစကားပြောရမှာကိုး။ ဒါ ကြောင့် တားမြစ်ထားတာ။ ကြာ ပါပြီ။ အခုထိမပယ်ဖျက်သေး ဘူး’’ ဟု ဒေသတွင်းလုံခြုံရေးတာ ၀န်ကျရဲအရာရှိတစ်ဦးက ပြော သည်။
၎င်းတို့နှစ်ဦးကို နယ်မြေ ကျော်လွန်သွားလာမှုဖြင့် အမှုဖွင့် စစ်ဆေးပြီး ဂျာမနီနိုင်ငံအစိုးရ ညှိနှိုင်းမှုဖြင့် နယ်နှင်ဒဏ်ပေးခဲ့ ခြင်းဖြစ်ကြောင်း၊ သို့သော်နောက် တစ်ကြိမ်ပြန်မလာစေရန် အမည် ပျက်စာရင်းသွင်းခဲ့ခြင်းဖြစ် ကြောင်း ရဲတပ်ဖွဲ့က ပြောသည်။
ကရင်ပြည်နယ်အတွင်း ဖာ ပွန်၊ လှိုင်းဘွဲ၊ ရှမ်းရွာသစ်၊ စုက လိ၊ ဝေါလေမြိုင်၊ သံတောင်ကြီး၊ ကြာအင်းဆိပ်ကြီးနှင့် ကော့က ရိတ်မြို့နယ်တို့သို့ ကမ္ဘာလှည့်ခရီး သွားဝင်ရောက်မှုကို လုံခြုံရေးအ ရကန့်သတ်ကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

7Day 

0 comments:

Post a Comment