Friday, December 28, 2018

အမေရိကန်ခိုလှုံမည့် ရွှေ့ပြောင်းသူများ မက္ကဆီ ကိုနယ်စပ် ခြံစည်းရိုးကို ကျော်တက်


ဗဟိုအမေရိကနိုင်ငံတွေမှ ရွှေ့ပြောင်းနေထိုင်သူတွေဟာ အမေရိကန်အာဏာပိုင်တွေဆီ ခိုလှုံခွင့်တောင်းခံဖို့အတွက် မက္ကဆီကိုနယ်စပ် တီဟွာနာမြို့မှာရှိတဲ့ နယ်စပ်ခြံစည်းရိုးကို ဒီဇင်ဘာလ ၂၇ ရက်က ကျော်တက်နေကြပါတယ်။ 
နယ်ကျော်ရွှေ့ပြောင်းသွားလာသူတွေဟာ အမေရိကန်နိုင်ငံထဲ ဝင်ရောက်ဖို့ နယ်စပ် ခိုလှုံရေးစခန်းတွေဆီ အရပ်အနားမရှိ တဖွဲဖွဲ ရောက်လာနေကြတာပါ။ 

ခြံစည်းရိုးတွေဟာ မက္ကဆီကိုနိုင်ငံနဲ့ တီဟွာနာမြို့အနီးက အမေရိကန် ပြည်ထောင်စု နယ်စပ် ၂ ခုအကြား နိုင်ငံတကာ နယ်စပ်မျဉ်းကို ပိုင်းခြားထားတာပါ။ 

ဒီခြံစည်းရိုးရဲ့ နဂိုပိုင်းခြားထားတဲ့ ဒီနေရာအဟောင်းကို ကျော်ဖြတ်လာတဲ့ ရွှေ့ပြောင်းသွားလာသူတွေဟာ တဖက် အမေရိကန်ပိုင်နက်မှာတော့ အမေရိကန်နယ်စပ်လုံခြုံရေး တာဝန်ရှိသူတွေနဲ့ တွေ့သွားရပါတယ်။ 

ဗဟိုအမေရိကန် ရွှေ့ပြောင်းသွားလာသူတွေရဲ့ ယာဉ်တန်းက လူတွေဟာ တီဟွာနာ နယ်စပ်မြို့ကို ရောက်လာချိန်ကတည်းက အမေရိကဖက်ကို ရောက်ဖို့ နယ်စပ်ခြံစည်းရိုးကို ခုန်ကျော်ဖြတ်ကူးကြသလို ခွေးတိုးပေါက်ကနေ ခြံစည်းရိုး ဖြဲဝင်ကြသူတွေ ၁ ထောင်လောက် ရှိမယ်လို့ မက္ကဆီကန် အာဏာပိုင်တွေက ပြောပါတယ်။ 

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ဒီရွှေ့ပြောင်းသွားလာသူ အုပ်စုတွေထဲမှာ ရာဇဝတ်သမားတွေလည်း ပါဝင်နေတယ်လို့ အခိုင်အမာ ပြောထားတာကြောင့် အမေရိကန်ခိုလှုံခွင့်ရဖို့ ပိုပြီး ခက်ခဲပါတယ်။ 

ဒါပေမယ့် ခိုလှုံခွင့်ရထားသူတွေဟာ ကိုယ့်နိုင်ငံရဲ့ တရားဝင် ဝင်ပေါက်တွေကနေ ဝင်ရမယ် ဆိုတဲ့ သူ့ရဲ့မူဝါဒအပေါ် ဖက်ဒရယ်တရားရုံးက ယာယီတားမြစ်မိန့် ထုတ်ပြန်ထားပါတယ်။ 

DVB

0 comments:

Post a Comment