Thursday, December 27, 2018

အဆိုတော် ရသကို ထောင်ဒဏ် ၁၁ နှစ် အမိန့်ချ


စိတ်ကြွမူးယစ်ဆေးပြား ၁၆၀၀ ကျော်နဲ့အတူဖမ်းဆီးရမိခဲ့လို့ မန္တလေးမြို့မှာ တရားစွဲဆိုခံထားရတဲ့ အဆိုတော်ရသ(ခ)ရဲမင်းသိန်းအပါအ၀င် ၃ ယောက်ကို မန္တလေးခရိုင်တရားရုံးက ထောင်ဒဏ် ၁၁ နှစ်စီ ဒီကနေ့ အပြီးသတ်အမိန့်ချလိုက်ပါတယ်။ 
သူတို့ ၃ ယောက်ကို ပြီးခဲ့တဲ့ သြဂုတ်လ ၁၅ ရက်နေ့က မန္တလေးမြို့ ချမ်းမြသာစည်မြို့နယ်က တည်းခိုခန်းတစ်ခုမှာစိတ်ကြွမူးယစ်ဆေးပြား ၁၆၅၅ပြားနဲ့အတူဖမ်းဆီးရမိခဲ့တာဖြစ်ပြီး စက်တင်ဘာ ၁၇ရက်က ပထမဆုံးအကြိမ်ရုံးတင်စစ်ဆေးပြီးတဲ့နောက် ဒီကနေ့အပြီးသတ်အမိန့်ချမှတ်လိုက်တာပါ။ 

“ကျွန်တော့်အတွက်တော့ အယူခံမ၀င်ချင်တော့ပါဘူး။ ကိုယ်သုံးစွဲလို့ ကိုယ်ခံရတာ ခံရဲတယ်။ ဒါပေမယ့် သုံးစွဲသူကို ခုလောက် ပြစ်ဒဏ်မျိုး ချမှတ်လိုက်တဲ့အတွက် ဘ၀င်တော့မကျပါဘူး”လို့ အဆိုတော် ရသကပြောပါတယ်။ 

သူတို့ ၃ ဦးကို အာင်ပင်လယ်ရဲစခန်းက (ပ)၁၁/၂၀၁၈၊ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေပုဒ်မ-၁၉ (က) နဲ့ အမှုဖွင့်အရေးယူခဲ့ပြီးနောက် မန္တလေးခရိုင်တရားရုံးမှာ စွဲချက်တင်စစ်ဆေးခဲ့တာပါ။ 


စောထွေး

Popular News Journal 


0 comments:

Post a Comment