Sunday, December 30, 2018

တပ်မတော်က စေတနာကောင်းနေသည့်အချိန်တွင် သတင်းသမားများက ထိန်းရေးသင့်ကြောင့် သတင်းမီဒီယာကောင်စီ ဥက္ကဋ္ဌပြော



တပ်မတော်ဘက်က စေတနာကောင်းနေသည့်အချိန်တွင် သတင်းမီဒီယာများအနေဖြင့် ထိန်းထိန်းသိမ်းသိမ်းရေးသင့်ကြောင်း သတင်းမီဒီယာကောင်စီဥက္ကဋ္ဌ ဟံသာဝတီ ဦးအုန်းကြိုင်က ပြောသည်။

လွန်ခဲ့သောရက်ပိုင်းအတွင်းက နိုင်ငံတော်သမ္မတ ၊ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့ နှင့် ဆက်တိုက်တွေ့ ဆုံနိုင်ခဲ့မှု၏ နောက်ဆက်တွဲအခြေအနေသဘောထားအဖြစ် မေးမြန်းမှုကို ဥက္ကဋ္ဌက ဖြေကြားခဲ့ခြင်းလည်း ဖြစ်သည်။ “ တို့ သက်တမ်းတစ်လျှောက် တပ်မတော်က တစ်ဖတ်သတ် အပစ်ရပ်တယ်ဆိုတာ ဒီတစ်ကြိမ်ပဲရှိသေးတယ်။ ဒီလောက်ထိ သူတို့ စေတနာကောင်းပြီး လုပ်တဲ့ကိစ္စမှာ တို့သတင်းသမားတွေအနေနဲ့ ထိန်းဖို့ကောင်းပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ တိုင်းပြည်ရဲ့အရေး၊ တိုင်းပြည်ငြိမ်းချမ်းရေးရဖို့အရေး အားလုံးဝိုင်းပြီး ကြိုးစားကြရမယ်။ ဒီနေရာမှာ တစ်ချို့က စေတနာတော့ ဘယ်လိုရှိလဲ အဘ မပြောလိုဘူး။ လုပ်ရပ်မှားတာလည်း ဖြစ်ချင်ဖြစ်မယ်။ ဟိုမှာ တိုက်ပွဲဖြစ်တယ်လို့ရေးတော့ ကိုးလို့ကန့်လန့် တွေဖြစ်ကုန်ရော။ တအောင်းပလောင်နဲ့ အမှန်က သူတို့ဘာသာတိုက်ပွဲဖြစ်တာ။ ရှမ်း SSA နဲ့နော်။ သူတို့အချင်းချင်း တိုက်တာ။ အဲဒါကို တပ်မတော်နဲ့ ဖြစ်တယ်ဆိုတော့ တပ်မတော် ဒုက္ခဖြစ်တယ် ” ဟု ဟံသာဝတီ ဦးအုန်းကြိုင်က ပြောသည်။ 

တပ်မတော်နှင့်ပတ်သက်သည့်သတင်းများ ရေးသားရာတွင် တပ်မတော်၏အတည်ပြုချက်ကို ရယူရန်လိုအပ်ကြောင်းနှင့် ထိုသို့ မလုပ်ဘဲ မဟုတ်မမှန်ရေးသားပါက အရေးယူလိမ့်မည်ဖြစ်ကြောင်း တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ကလည်း ဒီဇင်ဘာ၂၈ ရက်တွင် သတင်းထုတ်ပြန်ခဲ့သည်။

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင် ထိတွေ့တိုက်ပွဲများဖြစ်ပွားနေသည့် နယ်မြေအချို့တွင် ဒီဇင်ဘာ၂၁ ရက်မှ ၂၀၁၉ ခုနှစ် ဧပြီ ၃၁ ရက်အထိ စစ်ရေးလှုပ်ရှားမှုများ ရပ်ဆိုင်းလိုက်ပြီဖြစ်ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက သတင်းမီဒီယာကောင်စီနှင့်သီးသန့် တွေ့ ဆုံခဲ့သည့် ဒီဇင်ဘာ၂၁ ရက်တွင် ထုတ်ပြန်ကြေညာခဲ့သည်။


0 comments:

Post a Comment