Thursday, December 27, 2018

ဦးကိုနီလုပ်ကြံခံရမှု သက်သေ ၁၃ ဦးသာ စစ်ဆေးရန်ကျန်ရှိ



တရားလွှတ်တော်ရှေ့ နေ ဦးကိုနီလုပ်ကြံခံမှုကို ယမန် နေ့က ရုံးထုတ်စစ်ဆေးရာ ဇေ ယျာဖြိုး၏သက်သေများ လာ ရောက်ခြင်း မရှိဘဲ တရားခံပြ သက်သေနှစ်ဦးကို ထပ်မံပယ်ချခဲ့သောကြောင့် စစ်ဆေးရန်သက်သေ ၁၃ ဦးသာ ကျန်ရှိသည်။ 
ဒီဇင်ဘာ ၂၇ ရက် ရုံးချိန်းတွင် တရားခံပြသက်သေ သုံးဦးစစ်ဆေးရန် စီစဉ်ထားသော်လည်း ဇေယျာဖြိုး၏ သက်သေသုံးဦးစလုံး လာရောက်ခြင်း မရှိပေ။ ထို့ ကြောင့် သက်သေနှစ်ဦးဖြစ်သည့် ဦးကျော်ကျော်နှင့် ဦးကျော်ညွန့် နှစ်ဦးကို သက်သေစာရင်းမှ ပယ် ဖျက်ခဲ့သည်။ 

‘‘သက်သေမလာရောက် ပေမယ့် ဒီလိုပယ်ဖျက်တာကြောင့် စစ်ဆေးပြီးသလိုပဲ၊ ဒီရုံးချိန်းအဖို့ အလုပ်ပြီးမြောက်တယ်လို့ မြင်ပါတယ်’’ဟု တရားလိုရှေ့နေဦးခင် မောင်ဌေးက ပြောသည်။ 

ထို့အပြင် သက်သေစာရင်း တွင်ပါဝင်ပြီး သက်သေအဖြစ် လာရောက်စစ်ဆေးခံရန် အကြိမ်ကြိမ်ပျက်ကွက်နေသော လေဆိပ်လုံခြုံရေး ရဲမှူးကြီးဝင်းမင်းသိန်းကို ဒီဇင်ဘာ ၂၈ ရက် (ယနေ့)တွင် လာရောက်စစ်ဆေးမခံပါက ရုံးတော်မှ စစ်ဆေးတော့မည် မဟုတ်ဟု အမှုစစ်တရားသူကြီးက ပြောဆိုထားသည်။ 

လက်ရှိအမှုတွင် လိုပြသက် သေ ၇၂ ဦးရှိသည့်အနက် ၁၃ ဦးသာ စစ်ဆေးရန် ကျန်ရှိတော့သည်။ သက်သေများ စစ်ဆေးပြီးပါက နှစ်ဖက်လျှောက်လဲချက် ကြားနာကာ အမိန့်ချမည်ဖြစ် သောကြောင့် လာမည့်နှစ်စတွင် အမှုပြီးပြတ်နိုင်သည်ဟု နှစ်ဖက် ရှေ့နေများက ခန့်မှန်းထားသည်။


7Day

0 comments:

Post a Comment