Thursday, December 27, 2018

ရခိုင်အမျိုးသားပါတီ ဧပြီလကုန် ညီလာခံကျင်းပမည်

ရခိုင်အမျိုးသားပါတီ(ANP)ညီလာခံကို လာမည့် ၂၀၁၉ ဧပြီလကုန်နှင့် မေလဆန်းတွင်ကျင်းပရန် ဆုံးဖြတ်ထား ကြောင်း ပါတီအထွေထွေအတွင်း ရေးမှူး ဦးထွန်းအောင်ကျော်က ပြောသည်။ 
ANP ပါတီ ဗဟိုအလုပ်အ မှုဆောင်ကော်မတီ၊ အလုပ်အ မှုဆောင် ကော်မတီနှင့် လွှတ် တော်ကိုယ်စားလှယ်များ အစည်း အဝေးကို ပါတီဌာနချုပ်ရုံးတွင် ဒီ ဇင်ဘာ ၂၅ နှင့် ၂၆ ရက်က ကျင်းပခဲ့သည်။‘‘အဓိကကတော့ ပါတီညီလာခံ ကျင်းပမယ့်ကိစ္စ၊ ပါတီ Reform လုပ်မယ့်ကိစ္စ၊ စစ်ဘေး ရှောင်တွေကို အကူအညီပေးဖို့ အတွက် သဘောထားထုတ်ပြန် မယ့်ကိစ္စနဲ့ ပါတီအတွင်းရေးတွေ ကို ဆွေးနွေးခဲ့ကြပါတယ်’’ဟု ဦးထွန်းအောင်ကျော်က ပြောကြားသည်။ 

ANP ပါတီသည် ၂၀၂၀ ရွေးကောက်ပွဲအကြို ပြင်ဆင်ခြင်းအပြင် ၂၀၁၉ စက်တင်ဘာတွင် ပါတီသက်တမ်းငါးနှစ်ပြည့်မြောက်မည်ဖြစ်သဖြင့် ပါတီညီလာခံကို ဧပြီလကုန်နှင့် မေလဆန်းတွင် ပြုလုပ်ရန်ဆုံးဖြတ်ခြင်းဖြစ်ကြောင်း ၎င်းကဆက်လက်ပြောသည်။ 

ANP သည် ရခိုင်ပြည်နယ် တွင် ၂၀၁၅ ရွေးကောက်ပွဲက ရခိုင်လူထုထောက်ခံမှု အများဆုံးရရှိ ထားသည့် ပါတီတစ်ခုဖြစ်ပြီး ရခိုင်ဒီမိုကရေစီအဖွဲ့ ပါတီထူထောင်ခြင်းနှင့် ဒေါက်တာ အေးမောင် နုတ်ထွက်စာ တင်ပြီးနောက် ပါတီဝင်အချို့ အပါအ၀င် လွှတ် တော်ကိုယ်စားလှယ်အချို့ပါတီမှ နုတ်ထွက်ခဲ့သည်။ 

နှစ်ရက်ကြာကျင်းပခဲ့သည့် ပါတီစည်းအဝေးသို့ ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင်၊ အလုပ်အမှုဆောင်ကော်မတီဝင်နှင့် လွှတ်တော်ကိုယ်စားလှယ် စုစုပေါင်း ၆၀ ကျော် တက်ရောက်ခဲ့သည်။

7Day

0 comments:

Post a Comment