Thursday, December 27, 2018

စစ်ရေးလှုပ်ရှားမှုရပ်ထားသော တပ်မတော်အား RCSS က တိုက်ခိုက်သောကြောင့် စစ်သည်အချို့ကျဆုံး ဒဏ်ရာရ



စစ်ရေးလှုပ်ရှားမှု ရပ်ဆိုင်းထားသည့် အချိန်အတွင်း ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS/SSA က တပ်မတော်စစ်ကြောင်းအား ဝင်ရောက်တိုက်ခိုက်သဖြင့် တပ်မတော်သားအချို့ ကျဆုံး ၊ ဒဏ်ရာရရှိခဲ့ကြောင်း တပ်မတော်က သတင်းထုတ်ပြန်သည်။ 

ထာဝရငြိမ်းချမ်းရေးရရှိရန်အတွက် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲ၍ ထာဝရငြိမ်းချမ်းရေးအတွက် ဒီဇင် ဘာ ၂၁ ရက်မှ ဧပြီ ၃၀ အထိ စစ်တိုင်း ၅ တိုင်းတွင် စစ်ရေးလှုပ်ရှားမှု ရပ်ဆိုင်းထားမည်ဟု တပ်မ တော်က ဧပြီ ၂၁ ရက်က ကြေညာခဲ့သည်။ 

စစ်ရေးလှုပ်ရှားမှုရပ်ဆိုင်းထားချိန်အတွင်း ဒီဇင်ဘာ ၂၇ ရက် နံနက်ပိုင်းက ရှမ်းပြည်နယ်တောင် ပိုင်း၊ မိုင်းပန်မြို့နယ်အတွင်းရှိ မိုင်းပန်-နောင်လေ-ပန်ပိ ဆက်သွယ်ထားသော လမ်းကြောင်းအနီး အခြေပြုလျက်ရှိသည့် တပ်မ တော်စစ်ကြောင်းအား RCSS က လာရောက်ပစ်ခတ်ကာ ကားလမ်း မြောက်ဘက်သို့ ပြန်လည်ဆုတ်ခွာသွားခဲ့ကြောင်း တပ်မတော်ကသတင်းထုတ်ပြန်သည်။ 

ပစ်ခတ်တိုက်ခိုက်မှုကြောင့် ကျဆုံး၊ ထိခိုက်ဒဏ်ရာရရှိခဲ့သည့် တပ်မတော်သားများကို မိုင်းပန်မြို့ နယ်ရှိ တပ်မတော်ဆေးရုံသို့ ပို့ဆောင်ခဲ့ကြောင်းသိရသည်။ 

RCSS အဖွဲ့သည် အဆိုပါဒေသသို့ နယ်မြေကျော်လွန်ဝင်ရောက်ခဲ့ခြင်းဖြစ်ပြီး ၂၀၁၈ ၊နိုဝင်ဘာ ၂၀ ရက်တွင် ပန်ပိကျေးရွာဘုန်းတော်ကြီးကျောင်းအတွက် ဟိုပုန်းကိုရင်လေး၊ ရှမ်းပြည်နယ်အစိုးရအ ဖွဲ့နှင့် ဒေသခံပြည်သူများက လှူဒါန်းသော ပစ္စည်းများပို့ဆောင်သည့် ယာဉ်တန်းအား ပိတ်ဆို့တား ဆီးသဖြင့် တပ်မတော်စစ်ကြောင်းက ကူညီဆောင်ရွက်ပေးရန် သွားရောက်ရာ နှောက့်ယှက်ပစ် ခတ်မှုများ ပြုလုပ်ခဲ့ကြောင်း တပ်မတော်က သတင်းထုတ်ပြန်ချက်တွင် ဖော်ပြသည်။ 

RCSS ဒီဇင်ဘာ ၂၈ ရက်ထုတ်ပြန်ချက်တွင် တပ်မတော်နှင့် ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအ ဖွဲ့ PNLO ပူးပေါင်း၍ ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိသည်ဟု လုပ်ကြံရေးသားခဲ့ကြောင်း တပ်မတော် သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ 

RCSS ၏ ဆောင်ရွက်ချက်များကို တရားဥပဒေဘောင်အတွင်းမှ ပြန်လည်တုန့်ပြန်သွားမည်ဟု တပ်မတော်က ကြေညာထားသည်။ 

Photo - RCSS Facebook 
The Fifth Wave News 

0 comments:

Post a Comment