Friday, December 28, 2018

ထိုင်းမြန်မာနယ်စပ် ချင်းဒေါင် တွင် မူးယစ်ဂိုဏ်းနှင့် နယ်ခြားတပ် တိုက်ပွဲထပ်မံဖြစ်ပွား စိတ်ကြွဆေး တသန်းကျော် မိ


ဒီဇင်ဘာလ ၂၇ ရက် နံနက် ငါးနာရီက ဖြစ်ပွားခဲ့တဲ့ ထိုင်းမြောက်ပိုင်း ချင်းဒေါင် ခရိုင် ( မဲဟောင်ဆောင်နှင့် ချင်းရိုင် အကြားရှိခရိုင်) ပစ်ခတ်မှုမှာ အေကေ ၄၇ မောင်းပြန် သေနတ်တွေကိုင်ဆောင်ထားတဲ့ မူးယစ် ဂိုဏ်းဝင် ၁၅ ဦးထက်မနည်းဟာ ထိုင်းနယ်စပ်ကို ၀င်ရောက်လာနေတာကို ထိုင်းနယ်ခြားစောင့် တပ်ရင်း (၂ ) တပ်ရင်း(၅) အဖွဲ့ တွေက သွားရောက် ၇ှင်းလင်းခဲ့တာဖြစ်ပါတယ်။ 
အစိမ်းရောင်စစ်ကျောပိုးအိပ်တွေကိုစီနဲ့  လက်နက်ကိုင် မူးယစ်ဂိုဏ်းဝင်တွေဟာ ထိုင်းနယ်စပ်ကို ဖြတ်ကျော်ဝင်ရောက်လာတာကို အချက်ပေးစနစ် တပ်ဆင်ထားခဲ့လို့  နယ်ခြားစောင့်တပ်တွေက သိရှိခဲ့တာလို့  ဆိုပါတယ်။ 

ယခုနောက်ပိုင်း ထိုင်းစစ်တပ်ကသုံးနေတဲ့ နယ်စပ်လုံခြုံရေးစနစ်ဖြစ်ပါတယ်။ နယ်ခြားစည်းကို လူအုပ်စုလိုက် ဖြတ်တာတဲ့  သတိပေးချက်ကို အနီးဆုံးမှာရှိတဲ့ နယ်ခြားစောင့် စစ်တပ်က ရခဲ့တာပါ။ 

မြန်မာနယ်စပ်နဲ့  နှစ်ကီလိုအကွာမှာ နှစ်ဖွဲ့ အကြား ၁၅ မိနစ်ခန့် အပြန်အလှန်ပစ်ခတ်ခဲ့ပြီး မူးယစ်ဂိုဏ်းဝင်တွေဟာ သယ်လာတဲ့ ကျောပိုးအိပ်တွေကို စွန့် ပစ်ပြီး ထွက်ပြေးသွားခဲ့ပါတယ်။ 

အစိမ်းရောင် စစ်ကျောပိုးအိပ် ၁၁ လုံးမှာ ထည့်ထားတဲ့ ၉၉၉ တဆိပ်ရာဘ စိတ်ကြွဆေး ၁၁၀၀၀၀၀(တစ်သန်းတစ်သိန်း) နဲ့  အေကေ ၄၇ သေနတ် တစ်လက် ကို သိမ်းဆည်းနိုင်ခဲ့ပါတယ်။ 

နှစ်သစ်ကူးချိန်နဲ့ အမှီ အားလပ်ရက်တွေနဲ့  အချိန်ကိုက်ပြီး ထိုင်းနယ်မြေအတွင်း ၀င်ရောက်လာနေတဲ့ စိတ်ကြွဆေးပြားပေါင်း ၂၀၀၀၀၀၀ ကျော် ကို ယခုရက်ပိုင်းအတွင်း ဖမ်းဆီးနိုင်ခဲ့ကြောင်း သိရပါတယ်။ 



SAW

0 comments:

Post a Comment