Thursday, December 27, 2018

အဆိုတော်ရသ၏ မူးယစ်ဆေးဝါးအမှု အပြီးသတ်အမိန့်ချမည်


မူးယစ်ဆေးဝါးမှုဖြင့် ဖမ်းဆီးခံထားရသည့် အဆိုတော် ရသ (ရဲမင်းသိန်း)အပါအ၀င် (၃) ဦးအား ဒီဇင်ဘာလ ၂၈ ရက်၊နံနက် ၁၁ နာရီ၊၃၀မိနစ်က မန္တလေးခရိုင်တရားရုံးသို့ ရုံးထုတ်လာသည်ကိုတွေ့ရသည်။အဆိုပါအမှုကို ဒီဇင်ဘာ ၂၈ရက်တွင် အပြီးသတ်အမိန့်ချမည်ဟုလည်း သိရသည်။ 
မန္တလေးမြို့၊ချမ်းမြသာစည်မြို့နယ် ထွန်တုံးရပ်ကွက်၊ အောင်စေတနာလမ်း၊ ၄၉ လမ်း နှင့် လမ်း ၅၀ လမ်းကြား ရှိ "နန်းထိုက်ပန်" ဧည့်ရိပ်မွန်တွင် သြဂုတ်လ ၁၄ ရက်နေ့က သတင်းအရဝင်ရောက် ရှာဖွေရာမှ ရဲမင်းသိန်း(ခ) ရသ၊ မျိုးတင့်နှင့် ခေမီ(ခ) ဗာတားမီးတို့ (၃) ဦးအား စိတ်ကြွရူးသွပ်ဆေးပြား ၁၆၅၅ ပြား နှင့်အတူ ဖမ်းဆီး ရမိခဲ့သော အမှုဖြစ်သည်။ 

ရဲမင်းသိန်း(ခ) အဆိုတော် ရသ ပါ (၃) ဦးအား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေတက်သော ဆေးဝါးများ တားဆီးကာကွယ်ရေး ဥပဒေ ပုဒ်မ-၁၉ (က) ဖြင့် တရားရုံးတွင် စွဲချက်တင် စစ်ဆေးပြီးနောက် ဒီဇင်ဘာ ၂၈ နေ့တွင် အပြီးသတ်အမိန့်ချမည်ဖြစ်သည်။ 




(ဓာတ်ပုံ၊အောင်ကိုဦး၊မဇ္ဈိမ) 
#ပြည်တွင်းသတင်း #LocalNews #MizzimaNewsInBurmese #မဇ္ဈိမ

0 comments:

Post a Comment