Wednesday, December 26, 2018

လှိုင်သာယာကျူးကျော်နေပြည်သူများနှင့် ရဲတပ်ဖွဲ့ဝင်များ ရုန်းရင်းဆန်ခတ်ဖြစ်ပွား


ကျူးကျော်နေထိုင်သည်ဟု သတ်မှတ်ခံထားရသည့်လှိုင်သာယာမြို့နယ်၊ ညောင်ကျေးရွာ သဇင်လမ်းနေ ပြည်သူများနှင့် ရဲတပ်ဖွဲ့ဝင်များအကြား ရုန်းရင်းဆန်ခတ်ဖြစ်ပွားခဲ့ပြီး နေ့လည်ပိုင်းမှာတော့ ရဲတပ်ဖွဲ့ဝင်များနှင့် ကျူးကျော်ဖျက်မည့်အရပ်သားများဟာပြန်လည်ဆုတ်ခွာသွားကြပြီဖြစ်သည်။ 
ယင်းမြေနေရာသည် UK ကြာဇံစက်ရုံမှပိုင်ဆိုင်သည်ဟုသိရပြီး ကျူးကျော်နေထိုင်သည့်အိမ်များအားဖျက်ရန်ယနေ့နံနက်အစောပိုင်းကတည်းက ရဲတပ်ဖွဲ့ဝင်များနှင့် ကျူးကျော်ဖျက်မည့်အရပ်သားများမှ ရောက်ရှိနေခြင်းဖြစ်သည်။ 

၎င်းမြေနေရာတွင် ယခင်က အိမ်အလုံးရေ ၁၃၅လုံးရှိပြီး လူဦးရေ ၅၀၃ဦးရှိကာယခုအချိန်မှာတော့အိမ်အလုံးရေ၃၅လုံးအဖျက်ခံခဲ့ပြီးဖြစ်သည်။ 

ယင်းမြေနေရာအမှုမှာ၂၀၁၂ခုနှစ်ကတည်းကစတင်ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ၂၀၁၇ခုနှစ်တွင် တစ်ဖက်သတ်အမိန့်ချခံခဲ့ရသည်ဟုဆိုကာ ပြီးခဲ့သည့် ဒီဇင်ဘာ ၂၄ရက်က သတင်းစာရှင်းလင်းပွဲပြုလုပ်ခဲ့သည်။ 







သတင်း၊ဓာတ်ပုံ-ဖိုးသား
The Standard Time Daily 

0 comments:

Post a Comment