Thursday, December 27, 2018

DKBA က လုပ်ဆောင်နေသော အိမ်ရာစီမံကိန်း တရားမ၀င်သဖြင့် ပြည်နယ်အစိုးရနှင့် တွေ့ဆုံရန် ခေါ်ယူ

ကရင်လက်နက်ကိုင်အ ဖွဲ့(DKBA)က ဆောင်ရွက်နေ သည့် ရွှေမြစန္ဒီအိမ်ရာစီမံကိန်း သည် တရားမ၀င်သဖြင့်ပြည်နယ် အစိုးရအဖွဲ့နှင့် လာရောက်တွေ့ ဆုံရန် ခေါ်ယူထားပြီး လာမတွေ့ ပါက အစိုးရအဖွဲ့နှင့် ဆွေးနွေး ကာ လိုအပ်သလို စီမံဆောင်ရွက် မည်ဖြစ်ကြောင်း ကရင်ပြည်နယ် လုံနယ်ဝန်ကြီးက ပြောသည်။ 
ယင်းအိမ်ရာစီမံကိန်းဖော် ဆောင်သည့်နေရာသည် မြ၀တီ သစ်တောကြိုးဝိုင်းနယ်မြေ၊ မြ၀ တီကုန်သွယ်ရေးဇုန်နှင့် အတွင်း မဲကနယ်ရွာနေ ဒေသခံများ၏ လယ်ယာမြေများဖြစ်သဖြင့် စီမံ ကိန်းစတင်လုပ်ဆောင်ကတည်း က ပြည်နယ်အစိုးရအဖွဲ့က တား မြစ်ခဲ့သည်။ 

ထို့ကြောင့် ယင်းကိစ္စနှင့် ပတ်သက်၍ အစိုးရအဖွဲ့နှင့် လာ ရောက်တွေ့ဆုံ ဆွေးနွေးရန် DKBA အဖွဲ့အားခေါ်ယူထားပြီး ယခုလကုန်အထိ အချိန်ပေးထား ကြောင်း ကရင်ပြည်နယ်လုံခြုံရေး နှင့် နယ်စပ်ရေးရာဝန်ကြီးဗိုလ်မှူး ကြီးမျိုးမင်းနောင်က ပြောသည်။ 

‘‘လောလောဆယ်ထိ လာမတွေ့ဘူး။ ဒီလကုန်ထိ အချိန် ပေးထားတယ်။ လာတွေ့ဖို့။ လာ မတွေ့ရင်တော့ ဘယ်လိုစီမံမလဲ ဆိုတာကတော့ အစိုးရအဖွဲ့က ပြန်ပြီးတော့ ဘယ်လိုလုပ်သင့် တယ်ဆိုတာကို ဆုံးဖြတ်မှာပေါ့’’ ဟု ၎င်းကပြောသည်။ 

အဆိုပါအိမ်ရာစီမံကိန်းကို အတွင်းမဲကနယ်ရွာရှိ မြေဧက သုံးရာကျော်ပေါ်တွင် ၂၀၁၃ က တည်းက စတင်ဆောင်ရွက်ခဲ့ ကြောင်း ဒေသခံများက ပြော သည်။ အဆိုပါအိမ်ရာစီမံကိန်း သည် တရားမ၀င်စီမံကိန်းဖြစ်သ ဖြင့်ကျူးကျော်သာဖြစ်ပြီး ယင်းစီ မံကိန်းရှိ မြေကွက်၊ အိမ်ရာများကို ပြည်သူများထပ်မံဝယ်ယူခြင်းမပြု လုပ်ရန် လိုအပ်ကြောင်း၊ ၀ယ်ယူ သည့် ပြည်သူများနစ်နာမည်ကို စိုးရိမ်ကြောင်း လုံနယ်ဝန်ကြီးက ပြောသည်။ 

ယင်းစီမံကိန်းတွင် ရောင်းချ နေသည့် မြေကွက်၊ အိမ်ရာများကို ယခင်ဝယ်ယူထားသူများ လည်းရှိနေသည်ဟု ဒေသခံများ က ပြောသည်။ 

ယင်းစီမံကိန်းကိစ္စဆွေးနွေး ရန် ကရင်ပြည်နယ်လုံနယ်ဝန်ကြီး နှင့် ပြည်နယ်အစိုးရအဖွဲ့တို့ DKBA အဖွဲ့နှင့်တွေ့ဆုံရန် မြ၀ တီမြို့သို့ ဒီဇင်ဘာ ၇ ရက်က သွားရောက်သော်လည်း DKBA ဘက်က လာရောက်တွေ့ဆုံခြင်း မရှိသဖြင့် ပြန်လှည့်လာခဲ့ရသည် ဟု ဆိုသည်။ 

စီမံကိန်းဆောင်ရွက်နေစဉ် ကာလ၂၀၁၇ က ပြည်နယ်ဝန်ကြီး ချုပ်ကိုယ်တိုင်သွားရောက်ပြီး အ စိုးရအဖွဲ့ ခွင့်ပြုချက်မပါဘဲ ဆောင်ရွက်နေသည့်စီမံကိန်းဖြစ် သဖြင့် နေထိုင်ရောင်းဝယ်ခြင်း များမပြုလုပ်ရန် ဒေသခံများကို တားမြစ်ခဲ့သည်။ 

ယင်းအပြင် မြ၀တီမြို့နယ် အတွင်းမဲကနယ်ရွာဒေသခံများ က ၎င်းတို့၏ မြေယာများသိမ်းယူ ကာ ဆောက်လုပ်နေသည့် ရွှေမြ စန္ဒီအိမ်ရာစီမံကိန်းကို ကန့်ကွက် ကြောင်း၊ ၎င်းတို့၏မြေယာများကို ပြန်လိုချင်ကြောင်း ပြီးခဲ့သည့်ဇွန် လက ဆန္ဒထုတ်ဖော်ခဲ့သည်။ 

ရွှေမြစန္ဒီအိမ်ရာစီမံကိန်းနှင့် ပတ်သက်၍ စီမံကိန်းကိုဦး ဆောင်လုပ်ကိုင်နေသည့် DKBA မှ ဗိုလ်မှူးစောညီညီထံသို့ ဒီဇင် ဘာ ၂၆ ရက်ကဆက်သွယ်မေး မြန်းရာ ‘‘ကျွန်တော် မအားသေးလို့ နောက်မှပြန်ဆက်မယ်လေနော်။ မအားသေးလို့’’ ဟု ဆိုကာ ဖုန်းချသွားသည်။ ထပ်မံဖုန်းဆက်မေးမြန်းသည့်အခါတွင် ၎င်းက တုံ့ပြန်ဖြေဆိုခြင်းမရှိပေ။

7Day

0 comments:

Post a Comment