Wednesday, December 26, 2018

ဘုန်းကြီးကျောင်းအတွင်းနေထိုင်သူ တစ်ဦး ကြိုးဆွဲချသေဆုံး


မန္တလေးမြို့ အောင်မြေသာစံမြို့နယ်​၊ အောင်မြေသာစံရပ်ကွက်၊ အကွက်(၁၂၆)၊ (၁၈) လမ်းနှင့် (၁၉) လမ်းကြား၊ (၈၆) လမ်းနှင့် (၈၇) လမ်းကြား၊ ဒီပဲယင်းကျောင်းတိုက်၊ ရွှေပြည်အောင်ဘုန်းကြီးကျောင်း၊ အနောက်ဘက်တွင်အဖီဆွဲ၍ နေထိုင်သူတစ်ဦး ဒီဇင်ဘာ (၂၇) ရက် နံနက်ပိုင်းအချိန်က မိမိကိုယ်ကိုကြိုးဆွဲချသေဆုံးမှု ဖြစ်ပွားခဲ့သည်။ 
ဖြစ်စဉ်မှာ ဘုန်းကြီးကျောင်းတွင် နေထိုင်သည့် ဦးကျန်​ (ခ) ရာဇာ (၃၉) နှစ်မှာ ရွှေပြည်အောင်ကျောင်းအနောက်ဘက် ထုတ်တန်းတွင် ပလပ်စတစ်အဝါရောင်ကြိုးဖြင့် ကြိုးဆွဲချသေဆုံးခဲ့ခြင်းဖြစ်သည်။ 

သေဆုံးသူအား မန္တလေးအထွေထွေရောဂါကုဆေးရုံကြီးသို့ပို့ဆောင်ခဲ့ပြီး ဓမ္မတာအတိုင်း သေဆုံးခြင်းဟုတ်/မဟုတ်သိရှိနိုင်ရန် အမှတ်​(၅) မြို့မရဲစခန်းတွင် ​သေမှု​သေခင်းအမှတ်​စဉ်​ (၂၃/၂၀၁၈) ဖြင့်​​ရေးဖွင့်​၍ စစ်​​ဆေး​ဆောင်​ရွက်​လျှက်​ရှိ​ကြောင်း သိရသည်​။ 

နိုင်လင်းဦး

The Fifth Wave News

0 comments:

Post a Comment