Wednesday, December 26, 2018

ပုဒ်မ-၆၆(ဃ)ဖြင့် တောင်ဒဂုံမြို့နယ်နေပြည်သူတစ်ဦးကို လွှတ်တော်ကိုယ်စားလှယ်ကိုယ်စား ဒုတိယအကြိမ်တရားစွဲဆိုမှုအား ရှင်းလင်း


ဒဂုံမြို့သစ်တောင်ပိုင်းမြို့နယ်(၁၄၀)ရပ်ကွက်နေ ကိုဇော်ဇော်အောင်ဆိုသူအား ယင်းမြို့နယ် မဲဆန္ဒနယ်အမှတ်(၂) တိုင်းဒေသကြီးကိုယ်စားလှယ် ဦးသိန်းနိုင်ကိုယ်စား ဆက်သွယ်ရေးဥပဒေပုဒ်မ-၆၆(ဃ)ဖြင့် ဒုတိယအကြိမ်တရားစွဲမှုနှင့်ပတ်သတ်၍ တောင်ဒဂုံမြို့နယ် ၅၆ ရပ်ကွက်တွင် ယနေ့ နံနက်ပိုင်းက သတင်းစာရှင်းလင်းပွဲပြုလုပ်ခဲ့သည်။ 
တိုင်းလွှတ်တော်ကိုယ်စားလှယ်ကိုယ်စား ပထမအကြိမ်တရားစွဲဆိုမှုကို ၂၀၁၆ခုနှစ်က ကိုကျော်မျိုး ဆွေဆိုသူက တရားစွဲဆိုခဲ့ပြီး ဒုတိယအကြိမ်အဖြစ် ဦးအောင်ကြည်က တရားစွဲဆိုခဲ့ခြင်းဖြစ်သည်။ 

ကိုဇော်ဇော်အောင်၏ လူမှုကွန်ရက်စာမျက်နှာဖြစ်သည့် Pyi Thein အကောင့်တွင် လွှတ်တော်ကိုယ်စားလှယ်ဖြစ်သူ ဦးသိန်းနိုင်အား တိုက်ခိုက်ရေးသားမှုများရှိခြင်းကြောင့် ဒုတိယအကြိမ်တရား စွဲဆိုရခြင်းဖြစ်သည်ဟု ဦးအောင်ကြည်က ပြောသည်။ 

“ဒီလိုတရားစွဲဆိုတဲ့ဟာကလည်း ကျွန်တော်တို့ပြည်သူနဲ့ ကိုယ်စားလှယ်တွေကြားမှာ သွေးခွဲတယ်ဆိုတဲ့သဘောပြနေတဲ့အတွက် တရားစွဲခြင်းဖြစ်ပါတယ်” ဟု ဦးအောင်ကြည်က ပြောသည်။ 

အဆိုပါတရားစွဲဆိုမှုအား လွှတ်တော်ကိုယ်စားလှယ်မှ တရားစွဲဆိုရန် ကိုယ်စားလှယ်လွှဲစာပေးအပ် ထားခြင်းမရှိပဲ ၎င်း၏စိတ်ဆန္ဒအရ တရားစွဲဆိုရခြင်းဖြစ်ကြောင်း ပြောဆိုသည်။ 

“အခုတရားစွဲတဲ့ ကိုအောင်ကြည်ဟာ NLD ရဲ့ မြို့နယ်အလုပ်အမှုဆောင်တစ်ယောက်လို့ သိရတယ်။ လက်ရှိတည်ဆဲဥပဒေရဲ့ အားနည်းချက်အားသာချက်ကို ကိုယ်တိုင်မသိဘူးလား။ ကျွန် တော်ရေးသားမှုတွေမမှန်ရင် ကျွန်တော့်ကို လူတွေဝိုင်းဆဲလိမ့်မယ်”ဟု တရား စွဲဆိုခံရသူ ကိုဇော်ဇော်အောင်က ပြောသည်။ 

ပထမအကြိမ်တရားစွဲစဉ်က ကိုဇော်ဇော်အောင်အနေဖြင့် အကျဉ်းထောင်အတွင်းတွင် လေးလခန့် နေထိုင်ကာ တရားရင်ဆိုင်ခဲ့ရကြောင်း ပြောဆိုထားပြီး ၎င်း၏ဇနီးဖြစ်သူနှင့် ညီဖြစ်သူက လွှတ် တော်ကိုယ်စားလှယ်ဦးသိန်းနိုင်၏ အိမ်တွင်ရပ်မိရပ်ဖများဖြင့် လာရောက်တောင်းပန်ကာ နောင်အ ခါယခုကဲ့သို့ မပြုလုပ်တော့ကြောင်း လက်မှတ်ရေးထိုးခဲ့သည်ဟု တရားစွဲဆိုသူများက ဆိုသည်။ 

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD အစိုးရလက်ထက်တွင် အသစ်ပြန်လည်ပြင်ဆင်ခဲ့သည့် အဆို ပါဥပဒေတွင် တရားစွဲဆိုမည်ဆိုပါက ဝေဖန်တိုက်ခိုက်ခံရသည့် ကိုယ်တိုင်ဖြစ်စေ(သို့မဟုတ်)ကိုယ်စားစွဲဆိုပါက ကာယကံရှင်၏ ကိုယ်စားလှယ်လွှဲစာဖြင့် တိုင်ကြားရမည်ဟု ပြင်ဆင်ထားသည်။ 

ကျော်သူမြင့်
The Fifth Wave News

0 comments:

Post a Comment