Saturday, December 1, 2018

ဧရာဝတီတိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုပြပွဲ ကျင်းပ


ဧရာဝတီတိုင်းဒေသကြီးအတွင်း ရင်းနှီးမြှုပ်နှံမှုတွေ တိုးတက်လာစေဖို့အတွက် ဧရာဝတီတိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုပြပွဲ (Ayeyarwaddy Region Investment Fair 2018) ကို မနေ့က ငွေဆောင်ကမ်းခြေမှာ ကျင်းပပြုလုပ်နေပါတယ်။ 
ဒီပြပွဲကို စီးပွားကူးသန်း ပြည်ထောင်စုဝန်ကြီး ဦးသန်းမြင့် ဧရာဝတီတိုင်း၊ ရန်ကုန်တိုင်း၊ မကွေးတိုင်း နဲ့ ကယားပြည်နယ်က ဝန်ကြီးချုပ်တွေ၊ တိုင်းနဲ့ပြည်နယ်အသီးသီးက စီမံဘဏ္ဍာဝန်ကြီးတွေ တက်ရောက်ပြီး စိတ်ဝင်စားတဲ့ ပြည်တွင်းပြည်ပရင်းနှီးမြှုပ်နှံသူတွေ သံအမတ်တွေလည်း တက်ရောက်နေပါတယ်။ 

ဒီပွဲမှာ ဧရာဝတီတိုင်းဒေသကြီးအတွင်း ရင်းနှီးမြှုပ်နှံနိုင်မယ့်အခွင့်အလမ်းတွေ ကဏ္ဍအလိုက် ရင်နှီးမြှုပ်နှံနိုင်မယ့် အကြောင်းအရာတွေ ဆောင်ရွက်မယ့် စီမံကိန်းတွေကို ရှင်းလင်းပြသပြီး ရင်းနှီးမြှုပ်နှံသူတွေ အလွယ်တကူ ရင်းနှီးမြှုပ်နှံနိုင်အောင် ဆွဲဆာင်သွားမယ်လို့ ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးလှမိုးအောင်က ပြောပါတယ်။ 

သတင်းဓာတ်ပုံ – သော်ဇင်မျိုး
DVB

0 comments:

Post a Comment