Saturday, December 1, 2018

တနင်္သာရီကျွန်းအနီးတွင် ဘင်္ဂါလီ ၃၈ ဦးပါ လှေတစီးကို ဖမ်းဆီးထိန်းသိမ်း


မြိတ်ကျွန်းစုရေပြင် တနင်္သာရီကျွန်းအနီးမှာ နိုဝင်ဘာလ ၂၉ ရက်နေ့က ကမ်းကပ်ဖို့ ဝင်လာတဲ့ ဘင်္ဂါလီလူမျိုး ၃၈ ဦးပါ လှေတစ်စီးကို တပ်မတော်ရေက ဖမ်းဆီးထိန်းသိမ်းခဲ့တယ်လို့ စစ်ရေယာဉ်တာဝန်ရှိသူက ပြောပါတယ်။ 
“ဒုက္ခသည်စခန်းဘက်က ထွက်လာတဲ့ ဘင်္ဂါလီ ၃၈ ဦးပါ။ သူတို့ကိုတင်ဆောင်လာတဲ့စက်လှေပေါ်မှာ သောက်ရေ နဲ့ ရိက္ခာပြတ်နေလို့ တနင်္သာရီကျွန်းကို ဝင်ကပ်ဖို့လုပ်နေတာ ဒေသခံရေလုပ်သားတွေ သတင်းပေးလို့ ကျနော်တို့ရေယာဉ်က သွားဖမ်းပြီး ထိန်းသိမ်းထားပါတယ်။” လို့ စစ်ရေယာဉ်မှ တာဝန်ရှိသူတဦးက ပြောပါတယ်။ 

အဖမ်းဆီးခံရတဲ့သူတွေထဲမှာ မြန်မာစကားပြောတတ်သူ ကျော်လှဆိုသူ ပါဝင်ပြီး သူ့ကို စစ်ဆေးမေးမြန်းရာမှာ စက်လှေပဲ့နင်း မာမွတ်နူး ဆိုသူက ဦးဆောင်ကာ စစ်တွေမြို့၊ ဘောဒူဖ ဒုက္ခသည်စခန်း၊ သဲချောင်းကျေးရွာ လှေဆိပ်ကနေ နိုဝင်ဘာ ၂၁ ရက်နေ့မှာ စတင်ထွက်ခွာလာတယ်လို့ သိရပါတယ်။ 

သူတို့ဟာ မလေးရှာနိင်ငံကို သွားရောက်ဖို့ ထွက်ခွာလာတာ ဖြစ်ပြီး စက်သုံးဆီ၊ သောက်သုံးရေနဲ့ စားနပ်ရိက္ခာ ပြတ်လပ်သွားလို့ ကျွန်းရှိတဲ့နေရာကို ချဉ်းကပ်ရာမှာ အဖမ်းခံခဲ့ရတာလို့ ပြောပါတယ်။ 

အဖမ်းခံခဲ့ရတဲ့ အမျိုးသား ၁၉ ယောက်၊ အမျိုးသမီး ၁၁ ယောက်၊ ကလေး ၈ ယောက် စုစုပေါင်း ၃၈ ယောက်ကို နေရပ် ပြန်လည်ပို့ဆောင်ဖို့ စီစဉ်နေတယ်လို့ သိရပါတယ်။

DVB

0 comments:

Post a Comment