Thursday, December 27, 2018

ကရင်နှစ်သစ်ကူး အခမ်းအနားများကျင်းပရန် မွန်ပြည်နယ်အစိုးရက ကျပ်သိန်း ၅၀၀ ကျော် ထောက်ပံ့


မွန်ပြည်နယ် အစိုးရက ယခုနှစ် ကရင်နှစ်သစ်ကူးနေ့ အ ခမ်းအနားများအတွက်ကျပ်သိန်း ၅၀၀ ကျော် ထောက်ပံ့မည်ဟု ပြည်နယ်ကရင်တိုင်းရင်းသားရေး ရာဝန်ကြီး စောအောင်မြင့်ခိုင်က ပြောသည်။ 

အဆိုပါ ထောက်ပံ့ငွေများ ကို ၂၀၁၉ ဇန်န၀ါရီ ၆ ရက် (ပြာ သိုလဆန်း ၁ ရက်) တွင် ကျ ရောက်မည့် ကရင်နှစ် ၂၇၅၈ ခုနှစ် ကရင်အမျိုးသားနှစ်သစ်ကူးပွဲတော် ပြည်နယ်၊ မြို့နယ်နှင့် ကျေး ရွာအဆင့် အခမ်းအနားများ ကျင်းပရန် ခွဲဝေပေးအပ်မည် ဖြစ် သည်။ 

‘‘ကရင်တိုင်းရင်းသားလူမျိုး တွေရဲ့ ကိုယ်ပိုင်ယဉ်ကျေးမှုရိုး ရာဓလေ့ ထုံးတမ်းစဉ်လာတွေကို မျိုးဆက်သစ် ကရင်လူငယ်တွေနဲ့ အတူ တခြား တိုင်းရင်းသားလူမျိုးတွေအားလုံး သိရှိပါဝင်လာ အောင် နှစ်သစ်ကူးပွဲတော်တွေကို ပြည်နယ်အတွင်းမှာ ကျယ်ကျယ် ပြန့်ပြန့်၊ စည်စည်ကားကား ကျင်း ပနိုင်ဖို့အတွက် ထောက်ပံ့ပေးရ တာ ဖြစ်တယ်’’ဟု စောအောင် မြင့်ခိုင်က ပြောသည်။ 

ကရင်စာပေသမိုင်းအရ ရှေး ကရင်လူမျိုးများက ကရင်နှစ်၏ အစဖြစ်သည့် ပြာသိုလဆန်း ၁ ရက်ကို နှစ်သစ်ကူးနေ့အဖြစ် သတ်မှတ်ခဲ့ပြီး သက်ကြီးအဘိုး၊ အဘွားများ ပူးဇော်ကန်တော့ ခြင်း၊ ပျော်ပွဲရွှင်ပွဲများ ကျင်းပခြင်း စသည့် ရိုးရာဓလေ့ထုံးစံအတိုင်း နှစ်သစ်ကူးပွဲတော် ကျင်းပလာ ခြင်း ဖြစ်သည်။ 

မော်လမြိုင်မြို့တွင် ယခုနှစ် ကျင်းပမည့် ပြည်နယ်အဆင့် အခမ်းအနားအတွက် ကျပ်သိန်း ၁၀၀၊ မြို့နယ်အဆင့် အခမ်းအ နားများအတွက် တစ်မြို့နယ်လျှင် ကျပ် ၂၅ သိန်းစီ၊ မြို့နှင့် ဝေးလံ သည့် ကရင်တိုင်းရင်းသားကျေး ရွာ ၃၃ ရွာတွင်ကျင်းပမည့် အ ခမ်းအနားများအတွက် တစ်ရွာ လျှင်ကျပ် ငါးသိန်းစီနှင့် လိုအပ် မည့် အထွေထွေကိစ္စများတွင် အ 

သုံးပြုရန် ကျပ်သိန်း ၂၀ အပါအ၀င် စုစုပေါင်း ကျပ်သိန်း ၅၁၀ထောက်ပံ့ပေးအပ်မည်ဖြစ်သည်။ 

‘‘ပြည်နယ်မြို့တော်ဖြစ်တဲ့ မော်လမြိုင်မှာ ပြည်နယ်အတွင်း မြို့နယ်အားလုံးက ကရင်တိုင်း ရင်းသားတွေစုပြီးတော့ ရိုးရာ ဓလေ့ယဉ်ကျေးမှုအမွေအနှစ်ကို ဖော်ထုတ်ပြသရင်း တခြားတိုင်း ရင်းသားညီအစ်ကိုများနဲ့အတူ စည်းလုံးညီညွတ်မှုနဲ့ ချစ်ကြည် ရင်းနှီးမှု အစဉ်အလာကောင်းတွေကို ဖော်ဆောင်နိုင်ဖို့အတွက် ပြည်နယ်အဆင့်ပွဲတော်ကို ခမ်း ခမ်းနားနား ကျင်းပသွားမှာပါ’’ဟု ပြည်နယ်ကရင်စာပေနှင့် ယဉ် ကျေးမှုအဖွဲ့ တွဲဖက်အတွင်းရေး မှူး စောအောင်ကျော်ဆန်းက ပြောသည်။ 

ပြည်နယ်အဆင့် ကရင်နှစ် သစ်ကူးပွဲတော်အခမ်းအနားတွင် ရိုးရာယဉ်ကျေးမှုပြခန်းများ ခင်း ကျင်းပြသထားမည့်အပြင် မြို့ နယ် ၁၀ မြို့နယ်မှ ပြိုင်ပွဲဝင်ဒုံးအ ဖွဲ့များက ရိုးရာဒုံးယိမ်းအကများ ဖြင့် ပါဝင်ယှဉ်ပြိုင်မည်ဖြစ်ပြီး မြို့နယ်အလိုက် ရိုးရာဒုံးအဖွဲ့များနှင့် ဒေသအလိုက်နာမည် ကြီးဒုံးအဖွဲ့များကလည်း ဧည့်ခံဒုံးယိမ်းအ ကများဖြင့် ကပြဖျော်ဖြေမည် ဖြစ်သည်။ ထို့ပြင် ကရင်နှစ်သစ်ကူးပွဲ တော်ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် မွန်ပြည်လုံးဆိုင်ရာ စက်ဘီး စီးပြိုင်ပွဲကို ဒီဇင်ဘာ ၃၀ ရက်တွင် မော်လမြိုင်မြို့၌ ပြုလုပ်မည်ဖြစ် ကြောင်း စောအောင်ကျော်ဆန်း က ဆိုသည်။ 

ပြည်နယ်အစိုးရ အဖွဲ့က တိုင်းရင်းသားများ၏ အရေးကိစ္စ များ ဆောင်ရွက်ရန် ယခုနှစ် ၂၀၁၈-၁၉ ဘတ်ဂျက်တွင် ဗမာ၊ ကရင်၊ ပအိုဝ်းတိုင်းရင်းသားရေး ရာဝန်ကြီးဌာနတစ်ခုစီအတွက် ခွင့်ပြုရန်ပုံငွေများ ခွဲဝေချထား ပေးခဲ့ပြီး ကရင်တိုင်းရင်းသားရေးရာဝန်ကြီးဌာနအတွက် ရရှိသည့် ကျပ်သိန်း ၁,၅၀၀ ဖြင့် ကရင်တိုင်းရင်းသားစာပေသင်ကြားရေး လုပ်ငန်းများ၊ ယဉ်ကျေးမှုရိုးရာအမွေအနှစ်များကို ထိန်းသိမ်းစောင့် ရှောက်မြှင့်တင် ဖော်ထုတ်ရေး ထောက်ပံ့ပေးနေကြောင်း ပြည်နယ်ဝန်ကြီး စောအောင်မြင့်ခိုင်က ပြောသည်။

7Day 

0 comments:

Post a Comment