Thursday, December 27, 2018

တရုတ်နိုင်ငံသို့ သစ်သီးတင်ပို့မှု ကြူကုတ်-ပန်ဆိုင်း လမ်းကြောင်းမှ ပြောင်းလဲတင်ပို့မည်


တရုတ်နိုင်ငံသို့ သစ်သီးတင်ပို့မှုကို ကြူကုတ်− ပန်ဆိုင်း လမ်းကြောင်းမှ ပြောင်းလဲတင်ပို့ရန် ဒီဇင်ဘာ ၂၇ ရက်ညနေတွင် ယူနန်ပြည်နယ် အစိုးရတာဝန်ရှိ သူများက သဘောတူခွင့်ပြုခဲ့ သည်။ 
ယခင်က မူဆယ်−ကျင်ဆန်းကျော့ကုန်သွယ်ရေး လမ်း ကြောင်းမှ သစ်သီးများကို တင်ပို့ ခဲ့သော်လည်း ဒီဇင်ဘာ ၂၀ ရက် ကစတင်ပြီး တရုတ်နိုင်ငံတွင် လုံ ခြုံရေးစနစ် ပြောင်းလဲမှုကြောင့် နယ်စပ်ဂိတ်၌ ကားများ ပိတ် ဆို့ခဲ့သည်။ မူဆယ် ၁၀၅မိုင်ကုန် သွယ်ရေးဇုန်မှ ၁၁ မိုင်ခန့်ကွာဝေးပြီး လမ်းကြမ်းသော်လည်း လက်ရှိအကျပ်အတည်း ဖြေရှင်းရန် တရုတ်ဒေသခံအစိုးရက ဖြေရှင်းပေး လိုက်ကြောင်း မူဆယ်မြို့ရှိ ကုန် သည်အချို့က ပြောသည်။ 

‘‘မူဆယ်က တာဝန်ရှိသူတွေ ကို တစ်ဖက်နိုင်ငံက တာဝန်ရှိသူ တွေနဲ့ ဆွေးနွေးခိုင်းထားပါတယ်။ ဒီနေ့သိရတာက အားလုံးအဆင် ပြေသွားပြီလို့ သိရပါတယ်’’ ဟု စီးပွားရေးနှင့် ကူးသန်းရောင်းဝယ် ရေးဝန်ကြီးဌာန လက်ထောက်အ တွင်းဝန် ဦးခင်မောင်လွင်က ပြော သည်။ 

တရုတ်အစိုးရက မြန်မာ နိုင်ငံဘက်က ဝင်ရောက်နေသည့် မော်တော်ယာဉ်မောင်းနှင့် လူများ ကို လက်ဗွေများစစ်ဆေးခြင်း၊ မျက်လုံး Scan ဖတ် စစ်ဆေးခြင်း များကြောင့် ယခင်ထက်စစ်ဆေး ချိန် ပိုမိုကြာမြင့်ကြောင်း အရှေ့ မြောက်တံခါး အများနှင့် သက် ဆိုင်သော ကုမ္ပဏီလီမိတက်မှ အမှုဆောင်အရာရှိချုပ် ဦးအောင် ကျော်မိုးက ပြောသည်။ 

‘‘ရွှေလီအစိုးရပြည်ပဆက် ဆံရေးဌာနက ကုန်သည်ကြီးများ အသင်းကို စာပို့ခဲ့ပါတယ်။ လုံခြုံ ရေးစနစ်ပြောင်းမယ်ဆိုတာကို လေ’’ ဟု ဦးအောင်ကျော်မိုးက ပြောသည်။ 

လက်ရှိတွင် မြန်မာနိုင်ငံ၌ ဖရဲ၊ သခွား တင်ပို့သောရာသီဖြစ် သောကြောင့် နေ့စဉ် ကုန်တင် ယာဉ်အစီးရေ ၅၀၀ ကျော်ခန့် တရုတ်နိုင်ငံအတွင်း ဝင်ရောက်ခဲ့ သော်လည်း တရုတ်အစိုးရ လုံခြုံ ရေးအပြောင်းအလဲကြောင့် တစ် ရက်လျှင် ကားအစီးရေ ၂၀၀ ခန့် သာ ဝင်ခွင့်ရသည်။ 

တစ်ရက်လျှင် သစ်သီး ကုန် တင်ယာဉ်အစီးရေ ၅၀၀ ကျော်အထိ နယ်စပ်ကိုဖြတ်သန်းနေသော ကာလတွင် အစီး ၂၀၀ ကျော်သာ ဝင်ခွင့်ရခြင်းကြောင့် နယ်စပ်ဂိတ်အနီးလမ်းမများပေါ်တွင် ကားများပိတ်ဆို့ပြီး အသီးအရည်အ သွေးများကျဆင်းကာ ပျက်စီးဆုံးရှုံးမှုများ ရှိနေသည်ဟု ကုန်သည်အချို့က ပြောသည်။ 

သစ်သီး ၁၅ တန်ပါသည့် ကုန်တင်ယာဉ်တစ်စီးပေါ်မှ သစ် သီးထက်ဝက်ကျော် ပျက်စီးမှုများ ကြုံတွေ့ရသည်ဟု သစ်သီးကုန် သည်အချို့က ပြောသည်။ ထို့ ကြောင့် ထပ်မံပျက်စီးဆုံးရှုံးမှုမရှိ စေရန် သစ်သီးကားများကို ရောင်းကွင်းအတွင်းသို့ ဒီဇင်ဘာ ၂၇ ရက်ကစတင်၍ အဝင်မခံတော့ ကြောင်း အရှေ့မြောက်တံခါးအ များနှင့် သက်ဆိုင်သော ကုမ္ပဏီ လီမိတက်မှ အမှုဆောင်အရာရှိ ချုပ် ဦးအောင်ကျော်မိုးက ပြော သည်။ တရုတ်နိုင်ငံသို့ တစ်ရက် လျှင် ကျပ်နှစ်ဘီလီယံအထိ သစ် သီးတင်ပို့နေရသည့်အချိန်တွင် မူဆယ် ၁၀၅ မိုင် သစ်သီးကွင်းမှ သစ်သီးပြောင်းလဲတင်သည့် တရုတ်နိုင်ငံ ဝမ်တိန်ကားဝင်းသို့ နှစ်ရက်ခန့် ဖြတ်သန်းသွားလာနေ ရခြင်း ကြောင့် မြန်မာ့ဖရဲ၊ သခွား များ၏ အရည်အသွေး ကျဆင်း သည့် စိန်ခေါ်မှုအပြင် ဈေးကွက် ပျောက်ဆုံးမည်ကိုလည်း ကုန် သည်များက စိုးရိမ်နေသည်။

7Day

0 comments:

Post a Comment