Wednesday, December 26, 2018

နေပြည်​​တော်​ဝန်​ထမ်းအိမ်​ရာတွင်​ အမျိုးသမီးတဦး ကြိုးဆွဲချ​သေ​ဆုံး


နေပြည်တော် ဇမ္ဗူသီရီမြို့နယ် ဉာဏသိဒ္ဓိရပ်ကွက်၊ တိုက်(၃၃၇၆) အခန်း(၁၅) ၌ ဒီဇင်ဘာ ၂၆ ရက်က မျိုးသမီးတဦး ကြိုးဆွဲချသေဆုံးနေကြောင်း သတင်းအရ စခန်းမှူးရဲအုပ်တင်သိန်းသည် ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့်အတူ သွားရောက်ကြည့်ရှုစစ်ဆေးရာ ဆောက်လုပ်ရေးဝန်ကြီးဌာန ဝန်ထမ်း ဒေါ်--- ၏ မိခင် ဒေါ်--- (မှီခို)သည် ၎င်းတိုက်ခန်း၏ရိုးရိုးအိမ်သာအတွင်းရှိ လေစုပန်ကာတပ်ဆင်ထားသော ပြုတင်းပေါက်ဘောင်တွင်အစိမ်းရောင်နိုင်လွန်ကြိုးဖြင့်တွဲချီပြီး လည်ပင်း၌ကြိုးကွင်းစွပ်၍ အိမ်သာကြမ်းပြင်၌ ဒူးထောက်လျက်အနေအထားဖြင့် သေဆုံးနေသည်ကိုတွေရှိရကြောင်း၊ ဓမ္မတာအတိုင်းသေဆုံးခြင်းဟုတ်/မဟုတ်စုံစမ်းစစ်ဆေးနိုင်ရန်အတွက် အမှတ်(၇)နယ်မြေရဲစခန်း၌ သေမှုသေခင်းအမှတ်စဉ်၂/၂၀၁ဂဖြင့် အမှုရေးဖွင့်ဆောင်ရွက်ပြီး ကုတင်(၁၀၀၀)ဆေးရုံသို့ရဲတပ်ဖွဲ့ဆေးစာဖြင့်ပေးပို့ခဲ့ပြီး အမှုအား စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်းသိရသည်​။ 
ထွန်း​(နေပြည်​​တော်​)
News Watch 

0 comments:

Post a Comment