Wednesday, December 26, 2018

အဋ္ဌမတန်း စာမေးပွဲ ပြင်ပ ဖြေဆိုခွင့်ပြု

သတ္တမတန်းအောင်မြင် ပြီး ကျောင်းဆက်မတက်နိုင်သူများ၊ အဋ္ဌမတန်းစာမေးပွဲကျထားသူများ ယခုနှစ် အဋ္ဌမတန်းစာ မေးပွဲကို ကျောင်းပြင်ပဖြေခွင့်ပြု မည်ဟု မြန်မာနိုင်ငံစာစစ်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမျိုး ညွန့်က ပြောသည်။ 
အဋ္ဌမတန်းစာမေးပွဲကို ဖေ ဖော်ဝါရီအတွင်း အခြေခံပညာ ကျောင်းများတွင် ပြုလုပ်မည်ဖြစ်ရာ ပြင်ပဖြေလိုသူများသည် မိမိ ဖြေလိုသည့် မြို့နယ်ရှိ ပညာရေးမှူးရုံးတွင် ဒီဇင်ဘာ ၂၈ ရက် နောက်ဆုံးဖြေဆိုခွင့် လျှောက်ရမည်ဖြစ်သည်။ 

‘‘ခုနစ်တန်း အောင်ပြီး ကျောင်းထဲမရှိတဲ့သူက ရှစ်တန်း ပြင်ပဖြေပေါ့။ တချို့လည်း ရှစ် တန်းနှစ်ကျရှိမယ်။ တချို့လည်း ခုနစ်တန်းအောင်ပြီး ကျောင်း ထွက်သွားတဲ့သူရှိမယ်။ ခုနစ်တန်း အောင်ပြီး မိဘဆင်းရဲလို့ ကျောင်း ထွက်သွားခဲ့သူလည်း ရှိမှာပဲ။ ရှစ်တန်းကျတဲ့ ကျောင်းသား၊ ကျောင်းသူလည်း ရှိမှာပဲ။ အဲဒီ ကလေးတွေက အောင်ချင်တယ် ဆိုလို့ရှိရင် ဝင်ဖြေလို့ရတာပေါ့။ National Examination စစ်တဲ့ စာမေးပွဲတွေအတွက် ပြင်ပဖြေ ဖြေခွင့်ပြုပါတယ်’’ ဟု ဦးမျိုးညွန့် က ဆိုသည်။ 

ကျောင်းထွက်ပြီး အစိုးရ လုပ်ငန်းများနှင့် ပြင်ပ လုပ်ငန်း များတွင် အလုပ်လုပ်နေသူများ၊ ရဲတပ်ဖွဲ့ (သို့မဟုတ်) တပ်မတော် တွင် အမှုထမ်းနေသူများ၊ အ ကြောင်းအမျိုးမျိုးဖြင့် ကျောင်း ပြင်ပသို့ ရောက်နေသည့်ကျောင်း သားများသည် နောက်ဆုံးတက်ရောက်ခဲ့သည့် ကျောင်း၏ ကျောင်းထွက်လက်မှတ် မူရင်းနှင့် မိတ္တူသုံးစောင်၊ လိုင်စင်ဓာတ်ပုံ နှစ်ပုံဖြင့် အဋ္ဌမတန်း (ပြင်ပဖြေ) စာမေးပွဲဖြေဆိုခွင့် လျှောက်ထားနိုင်သည်။ 

ကျောင်းထွက်နှုန်း လျော့ နည်းစေရန်၊ ကျောင်းနေနှုန်းမြင့် လာစေရန် ပညာရေးဝန်ကြီးဌာန က ဆောင်ရွက်နေခြင်းကြောင့် ကျောင်းပြင်ပ ရောက်နေပါက ကျောင်းပြန်တက်နိုင်မည့် အခွင့် အရေးအဖြစ် ပြင်ပဖြေဆိုခွင့်ပြု သည့် အစီအစဉ်ကို မြန်မာနိုင်ငံ စာစစ်ဦးစီးဌာနက ခွင့်ပြုခြင်းဖြစ် သည်။ 

အဋ္ဌမတန်း အောင်ပြီး ကျောင်းဆက်မတက်နိုင်သူများ အတွက် နှစ်စဉ်မေလတွင် နဝမ တန်းပြင်ပဖြေစာမေးပွဲကို မြန်မာ နိုင်ငံစာစစ်ဦးစီးဌာနက သီးခြား ကျင်းပသည်။ 

‘‘ရှစ်တန်း အပြင်ဖြေအတွက် TEO (မြို့နယ်ပညာရေးမှူးရုံး) တွေကိုတော့ စာဖြန့်ထားပါတယ်။ ဒါကသိတဲ့သူနည်းတယ်။ ကိုး တန်းအပြင်ဖြေကတော့ နှစ်တိုင်း ရှိတယ်။ ဖြေသူများတယ်’’ ဟု ရှမ်းပြည်နယ်မြောက်ပိုင်း ပညာ ရေးမှူးရုံးမှ ညွှန်ကြားရေးမှူးတစ် ဦးက ဆိုသည်။

7Day

0 comments:

Post a Comment