Tuesday, December 25, 2018

အာဖဂန်က အမေရိကန်တပ်ဆုတ်မှု ပါကစ္စတန်နဲ့ တရုတ်ဆွေးနွေး


အာဖဂန်နစ္စတန်မှာရှိတဲ့ အမေရိကန်တပ်ဖွဲ့အင်အားကို တဝက်နီးပါးလျှာ့ချမယ်လို့ အမေရိကန်က ဆုံးဖြတ်ခဲ့တာနဲ့ ပတ်သက်ပြီး တရုတ်ပြည်ကိုရောက်နေတဲ့ ပါကစ္စတန် နိုင်ငံခြားရေးဝန်ကြီး Shah Mehmood Qureshi ရှား မေမု ကရက်ရှီနဲ့ တရုတ် နိုင်ငံခြားရေးဝန်ကြီး Wang Yi ဝမ်ယီ တို့ မနေ့က ဆွေးနွေးကြပါတယ်။ 
အာဖဂန်နစ္စတန်နိုင်ငံမှာ လက်ရှိပေါ်ပေါက်နေတဲ့ ပဋိပက္ခတွေကို စစ်ရေးအရဖြေရှင်းလို့ မရနိုင်ပဲ ပြန်လည်ပေါင်းစည်းရေးအတွက် နိုင်ငံရေးအရအဖြေရှာဖို့ လိုကြောင်း သဘောတူခဲ့ကြတယ်လို့ တရုတ်နိုင်ငံခြားရေးဌာနက ပြောပါတယ်။ 

ပါကစ္စတန်မှာ တာလီဗန်တပ်ဖွဲ့တွေနဲ့ အစိုးရတပ်ဖွဲ့တွေ တိုက်ခိုက်နေကြတာ ၁၇ နှစ်ရှိပါပြီ။ လက်ရှိ အမေရိကန်အင်အား တသောင်းလေးထောင်ထဲက တဝက်လောက်ကို ပြန်ရုပ်သိမ်းမယ်လို့ သမ္မတ ထရမ့်ကပြောပါတယ်။ ဒေသအတွင်း အင်အားချဲ့ထွင်နေတဲ့ တရုတ်ပြည်အတွက် သူ့ရဲ့ ပိုးလမ်းမသစ် စီမံကိန်း အကောင်အထည်ဖေါ်ရာမှာ အာဖဂန်နစ္စတန်နိုင်ငံရဲ့ လုံခြုံရေးဟာ အထူးအရေးပါတယ်လို့ ဆိုပါတယ်။ အာဖဂန်နဲ့ တာလီဗန်ခေါင်းဆောင်တွေကိုလည်း တရုတ်အစိုးရက တွေ့ဆုံညှိနိုင်းနေပါတယ်။ အာရှ ပစိဖိတ်ဒေသမှာ အမေရိကန်ပြည်ထောင်စုရဲ့ ကဏ္ဍလျှော့နည်းလာနေချိန်မှာ တရုတ်ပြည်က ဝင်ရောက် နေရာယူလာနေတယ်လို့ ဝေဖန်သူတွေက ပြောပါတယ်။ 

ဒီအတောအတွင်းမှာပဲ အာဖဂန်နစ္စတန်နိုင်ငံ ကဘူးလ်မြို့က အစိုးရဝန်ကြီးဌာနတခုကို အမည်မသိ အသေခံ အကြမ်းဖက်သမားတွေ တနင်္လာနေ့က ဝင်တိုက်ခဲ့ရာမှာ အနည်းဆုံး လူ ၄၃ ဦး သေဆုံးခဲ့ပါတယ်။ သေဆုံးသူ အများစုဟာ အရပ်သားတွေဖြစ်ပါတယ်။ 

Photo: WAKIL KOHSAR / AFP
RFA

0 comments:

Post a Comment