Tuesday, December 25, 2018

အင်ဒိုငလျှင် သေဆုံးသူ ၄ဝဝ ကျော်ပြီ


အင်ဒိုနီးရှားနိုင်ငံ ဂျာဗားကျွန်းအနောက်ပိုင်းနဲ့ ဆူမားတြားကျွန်းတောင်ဘက်ရှိ Anak Krakatoa အေနပ် ကရာကတ်တို ကျွန်းစုမှာ စနေနေ့ညက ဖြစ်ပေါ်ခဲ့တဲ့ ဆူနာမီးရေလှိုင်းကြောင့် သေဆုံးသူ ၄၂ဝ ကျော်သွားပြီဖြစ်ပါတယ်။ 
ကယ်ဆယ်ရေးသမားတွေက ပျောက်ဆုံးသူတွေကို ရှာဖွေရာမှာ မောင်းသူမဲ့ ဒရုန်းလေယာဉ်ပျံတွေနဲ့ အနံ့ခံခွေးတွေကို သုံးစွဲနေပါတယ်။ လူ ၁၅ဝ ကျော် ပျောက်ဆုံးဆဲဖြစ်ပြီး ဒဏ်ရာရသူ ၁၄ဝဝ ကျော်ရှိပါတယ်။ 

ငလျှင် မကြာခဏလှုပ်တဲ့ အင်ဒိုနီးရှားမှာ ပြီးခဲ့တဲ့ စက်တင်ဘာလကလည်း ဆူလာဝေဆီကျွန်း ငလျှင်မှာ လူ ၂ ထောင်ကျော်သေဆုံးခဲ့ရပါတယ်။ 

Photo: ADEK BERRY / AFP
RFA

0 comments:

Post a Comment