Wednesday, December 26, 2018

ဟိုပုံး၊ ပင်လောင်းနှင့် ဆီဆိုင်မြို့နယ်တို့၌ ဘိန်းစိုက်ခင်းများ ဖျက်ဆီး



ဟိုပုံး၊ ပင်လောင်းနှင့် ဆီဆိုင်မြို့နယ်တို့၌ ဘိန်းစိုက်ခင်းများ ဖျက်ဆီးခဲ့ကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ထား သည်။ 

ဒီဇင်ဘာလ ၂၆ ရက်နေ့ ၀၇၄၀ အချိန်မှ ၁၆၄၅ အချိန်ထိ ဟိုပုံးမြို့နယ်၊ လိုက်ကန် ကျေးရွာ၏ အနောက်တောင်ဘက် ၁ မိုင်ခန့် အကွာ ခန့်မှန်း (အယ်လ်စီ-၂၃၀၉၁၀)၌ အမြင့်(၃)ပေခန့်ရှိ ဘိန်းစိုက်ခင်း ၂၇ ဧကအား ဟိုပုံးမြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး မင်းဟန် ဦးစီးပူးပေါင်းအဖွဲ့မှဖျက်ဆီး ခဲ့ကြောင်း သိရသည်။ 

အလားတူ ပင်လောင်းမြို့နယ်၊ ထီတလီကျေးရွာ၊ လူဖတ်ခြမ်း ကျေးရွာနှင့် ဝါးပြုံးကျေးရွာတို့၌ ဘိန်းစိုက် ခင်း ၃၅ ဧကအား လည်းကောင်း၊ ဆီဆိုင်မြို့နယ် နားခိုက်ကျေးရွာ၌ ဘိန်းစိုက်ခင်း ၁၇ ဧကအား ဖျက်ဆီးခဲ့ကြောင်းလည်း သိရသည်။ 

The Ladies News 

0 comments:

Post a Comment