Wednesday, December 26, 2018

ပဲခူးတိုင်းဒေသကြီးအတွင်း မသင်္ကာဖွယ်တစ်ဦးအား စစ်ဆေးရာမှ (ဒဿမ ၅၀)စက်သေနတ်ကြီးကျည် သိမ်းဆည်းရမိ



ပဲခူးတိုင်းဒေသကြီး၊ ရေတာရှည်မြို့နယ်၊ ဝမ်းတွင်းကျေးရွာ သို့ရောက်ရှိနေသည့် မသင်္ကာဖွယ်အမျိုးသား တစ်ဦးအား ဒီဇင်ဘာ ၂၅ ရက်က စစ်ဆေးခဲ့ရာ (ဒဿမ ၅၀)စက်သေနတ်ကြီးကျည် (၁၁)တောင့်ကို သိမ်းဆည်းရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့က သတင်းထုတ်ပြန်သည်။ 
ပဲခူးတိုင်းဒေသကြီး၊ ရေတာရှည်မြို့နယ်၊ ဝမ်းတွင်းကျေးရွာသို့ မသင်္ကာဖွယ်အမျိုးသား(၁)ဦး ရောက်ရှိနေကြောင်း သတင်း အရ ဆွာနယ်မြေရဲစခန်းမှ တပ်ဖွဲ့ဝင်များက သက်သေများနှင့်အတူ သွားရောက်စစ်ဆေးခဲ့ရာ ကယား ပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်၊ ညောင်ပင်ဂိတ်ကျေးရွာနေ ရဲမင်းထွန်း(၃၉)နှစ်ဖြစ်ပြီး ၎င်း၏ဘေးလွယ်အိတ် အတွင်းမှ ကျည်ခါးပတ်ဖြင့်ထည့်လျက် (ဒဿမ၅၀) စက်သေနတ်ကြီးကျည်(၁၁)တောင့် အားတွေ့ရှိ သိမ်းဆည်းရမိခဲ့ခြင်းဖြစ်ကြောင်းထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။ 

အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ ရဲမင်းထွန်း အား ဆွာနယ်မြေရဲစခန်း (ပ)၈၁/၂၀၁၈၊ လက်နက်များ အက်ဥပဒေပုဒ်မ ၁၉(စ)ဖြင့် အရေးယူ ထားကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ခဲ့သည်။ 

The Ladies News

0 comments:

Post a Comment