Thursday, December 27, 2018

တနင်္သာရီဂျာနယ် တာဝန်ခံအယ်ဒီတာကို တရားစွဲဆိုမှု ဇန်န၀ါရီ ၁၀ ရက် အပြီးသတ် လျှောက်လဲချက်ပေးမည်

‘မဲဆွယ်အပြုံး’သရော် စာ ဆောင်းပါးဖော်ပြမှုကြောင့် တနင်္သာရီဂျာနယ်တာဝန်ခံအယ် ဒီတာကို တိုင်းအစိုးရအဖွဲ့က တရားစွဲဆိုမှု လာမည့်ဇန်န၀ါရီ ၁၀ ရက်တွင် အပြီးသတ်လျှောက် လဲချက်ပေးရန် ချိန်းဆိုထားသည်။ 
ဒီဇင်ဘာ ၂၇ ရက်က ထား ၀ယ်မြို့နယ်တရားရုံးတွင် ပြုလုပ် သည့်ရုံးချိန်း၌ တနင်္သာရီဂျာနယ် ဘက်က နောက်ဆုံးတင်ပြသည့် တရားခံပြသက်သေနှစ်ဦး ခရီး လွန်နေသဖြင့် ယင်းနေ့ရုံးချိန်းသို့ လာရောက်နိုင်ခြင်းမရှိပေ။ ထို့ ကြောင့် တရားရုံးသို့အဆိုပါသက် သေနှစ်ဦးတင်ပြမှုကို ရုပ်သိမ်းခဲ့ သည်။‘‘အကောင်းဆုံးပြင်ဆင်ပြီး အပြီးသတ်လျှောက်လဲချက်ပေး သွားပါ့မယ်။ အဖြေကတော့ ရုံး တော်ရဲ့ဆုံးဖြတ်ချက်အတိုင်းပါ ပဲ’’ ဟု တနင်္သာရီဂျာနယ်တာဝန် ခံအယ်ဒီတာဦးဟန်ထက်(ခ)ဦး မျိုးအောင်က ဆိုသည်။ 

မဲဆွယ်အပြုံးဆောင်းပါး သည် အများပြည်သူ၏ စိုးရိမ်ပူ ပန်မှုများကို သရော်စာပုံစံဖြင့်ရေး သားခြင်းဖြစ်၍ တနင်္သာရီဂျာ နယ်တာဝန်ခံအယ်ဒီတာကို တ ရားစွဲဆိုခြင်းမပြုသင့်ကြောင်း ဒီ ဇင်ဘာ ၁၇ ရက်ရုံးချိန်းတွင် တ ရားခံပြသက်သေအဖြစ် စစ်ဆေး ခံခဲ့သည့် မြန်မာနိုင်ငံသတင်းမီဒီ ယာကောင်စီတွဲဖက်အတွင်းရေး မှူး(၁)ဦးမြင့်ကျော်က ထွက်ဆို ထားသည်။ 

၂၀၁၇ နိုဝင်ဘာ ၂၀ ရက် ထုတ်တနင်္သာရီဂျာနယ်တွင် မူး ဆေးအိုးကလောင်အမည်ဖြင့် ‘မဲ ဆွယ်အပြုံး’ဟူသည့်သရော်စာ ဆောင်းပါးပါရေးသားချက်များ သည် ၎င်းနှင့်အတူမိသားစုဝင် များ၏ ဂုဏ်သိက္ခာကိုပါထိခိုက် စော်ကားသည်ဆိုကာ တနင်္သာရီ တိုင်းဒေသကြီး ၀န်ကြီးချုပ်ဒေါက် တာလဲ့လဲ့မော်က ၂၀၁၇ နိုဝင်ဘာ ၂၃ ရက်တွင် ထားဝယ်မြို့နယ် တရားရုံးသို့ ဦးတိုက်လျှောက်၍ တရားစွဲဆိုခဲ့သည်။ 

လက်ရှိတွင် ဦးဟန်ထက်(ခ) ဦးမျိုးအောင်သည် သတင်းမီဒီ ယာဥပဒေပုဒ်မ၂၅(ခ)ဖြင့် ထား ၀ယ်မြို့နယ်တရားရုံး၌ တစ်နှစ် ခန့် တရားရင်ဆိုင်နေရသည်။ 

သတင်းမီဒီယာဥပဒေပုဒ်မ ၂၅(ခ)သည် လူပုဂ္ဂိုလ်နှင့်အဖွဲ့ အစည်းများ၏ ဂုဏ်သိက္ခာကို တမင်ထိခိုက်စေသည့်အရေးအ သားနှင့်လူ့အခွင့်အရေးထိခိုက် စေသည့်အရေးအသားဖော်ပြမှု ကြောင့် စွဲဆိုသည့်ပုဒ်မဖြစ်ပြီး ပြစ်မှုကျူးလွန်ကြောင်း ထင်ရှား စီရင်ခြင်းခံရလျှင် ငွေဒဏ်အနည်း ဆုံးကျပ်သုံးသိန်းမှ အများဆုံး ကျပ် ၁၀ သိန်းအထိချမှတ်နိုင် ကြောင်း ပြဋ္ဌာန်းထားသည်။

7Day

0 comments:

Post a Comment