Tuesday, December 25, 2018

ကုလရဲ့ လူ့အခွင့်အရေးချိုးဖောက်မှု စွပ်စွဲပြစ်တင်ချက် မြောက်ကိုရီးယား ငြင်းဆို


မြောက်ကိုရီးယားနိုင်ငံရဲ့ လူ့အခွင့်အရေး ချိုးဖေါက်ကျူးလွန်မှုတွေအပေါ် ကုလသမဂ္ဂရဲ့ နောက်ဆုံး ထုတ်ပြန် ချက်နဲ့ ပတ်သက်ပြီး၊ ဒါဟာ ကိုရီးယားကျွန်းဆွယ် ငြိမ်းချမ်းရေးအတွက် အားထုတ်နေတာတွေကို ထိခိုက်ပျက်ပြားသွားစေနိုင်တဲ့ လုပ်ရပ်ဖြစ်တယ်လို့ မြောက်ကိုရီးယားက ပြောလိုက်ပါတယ်။ 
ပြီးခဲ့တဲ့ သီတင်းပတ်က ကုလသမဂ္ဂ အထွေထွေညီလာခံက ထုတ်ပြန်ခဲ့တဲ့ ဆုံးဖြတ်ချက်မှာ မြောက်ကိုရီးယားရဲ့ စနစ်တကျ ကျယ်ကျယ်ပြန့်ပြန့်ဖြစ်ပေါ်ခဲ့တဲ့ လူ့အခွင့်အရေး ချိုးဖေါက်ကျူးလွန်မှုတွေနဲ့ ပတ်သက်ပြီး ပြစ်တင်ဝေဖန်ထားပါတယ်။ 

ဆင်းရဲပေမဲ့ နျူကလီးယားလက်နက်ပိုင်ဆိုင်ထားပြီး သုံးဆက်မြောက် ကင် မိသားစုအုပ်ချုပ်တဲ့ မြောက်ကိုရီးယားမှာ နှိပ်စက်ညှဉ်းပန်းမှု မုဒိမ်းမှု၊ တရားလက်လွတ် သတ်ဖြတ်မှုတွေ အပါအ၀င် နိုင်ငံတော်အစိုးရ ပါဝင်ကျုးလွန်ခဲ့တဲ့ကိစ္စတွေ ပေါ်ပေါက်ခဲ့ကြောင်း ကုလသမဂ္ဂက စွပ်စွဲပြောဆိုခဲ့ပါတယ်။ 

ဒီစွပ်စွဲချက်တွေအပေါ် မြောက်ကိုရီးယားက အစဉ်တစိုက် ငြင်းဆိုလာခဲ့ပြီး၊ ဒါဟာ နိုင်ငံတကာအလယ်မှာ မြောက်ကိုရီးယားအစိုးရရဲ့ ပုံရိပ်ထိခိုက်ကျဆင်းအောင်၊ အမေရိကန်အပါအ၀င် အင်အားစုတွေက လုပ်ကြံဖန်တီးနေတာဖြစ်လို့ ပြောဆိုနေတာပါ။ 

အမေရိကန်အစိုးရဟာ မြောက်ကိုရီးယားရဲ့ လူ့အခွင့်အရေး အခြေအနေတွေနဲ့ ပတ်သက်ပြီး ကုလသမဂ္ဂ လုံခြုံရေး ကောင်စီ မှာ ဆွေးနွေးပွဲတရပ်ခေါ်ယူဖို့ ကြိုးစားခဲ့ပါတယ်။ဒါပေမဲ့ တခြားနိုင်ငံတွေရဲ့ ထောက်ခံမှုရရှိဖို့ မသေချာတဲ့အတွက် အဲဒီအားထုတ်မှုကို ဒီလအစောပိုင်းက ရပ်ဆိုင်းခဲ့ပါတယ်။ 

Photo: KCNA VIA KNS / AFP
RFA


0 comments:

Post a Comment