Wednesday, December 26, 2018

ဒီဇင်ဘာလအတွင်း တရားမဝင်မြန်မာလုပ်သား ရှစ်ထောင်ကျော် ထိုင်း လွှဲပြောင်း

ထိုင်းနိုင်ငံသို့ အကြောင်းအမျိုးမျိုးကြောင့် တရားမဝင် ဝင်ရောက်လာသည့် မြန်မာလုပ်သားများအနက် ထိုင်းနိုင်ငံက ဒီဇင်ဘာ တစ်လအတွင်း လွှဲပြောင်းပေးသည့်လုပ်သား ရှစ်ထောင်ကျော် ရှိကြောင်း ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံအရာရှိ ဦးစန်းမောင်က ပြောကြားသည်။ 
“မနေ့ကထိ ပါတယ်။ နယ်စပ်စခန်း သုံးခုကပါ”ဟု ၎င်းကဆိုသည်။ 

ယင်းသို့ လွှဲပြောင်းပေးရာတွင် ဒီဇင်ဘာလအတွင်း ထိုင်း-မြန်မာ နယ်စပ်ရှိ ရနောင်းအလုပ်သမားဆက်ဆံရေး ရုံးသို့ ၂၉၅၅ ဦး၊ မဲဆောက်အလုပ်သမား ဆက်ဆံရေးရုံးသို့ ၅၇၅၈ ဦး၊မဲဆိုင်အလုပ်သမားဆက်ဆံရေးရုံးသို့ ၈ ဦးလွှဲပြောင်းပေးခဲ့ကြောင်း ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံအရာရှိ ဦးစန်းမောင် ကပြောသည်။ 

ထိုင်းနိုင်ငံတွင် ဗီဇာသက်တမ်းကုန်သူများ၊ အကြောင်းအမျိုးမျိုးကြောင့် ရောက်ရှိလာသူများကို ထိုင်းလဝက ဖမ်းဆီးခဲ့သော်လည်း နှစ်နိုင်ငံ အစိုးရချင်း ညှိနှိုင်းမှုအရ ဖမ်းဆီးရမိသည့် မြန်မာလုပ်သမားများကို အရေးယူမှု မပြုလုပ်ရန်နှင့်မြန်မာသံရုံးမှ ချိတ်ဆက်၍ ပြန်လည်လွှဲပြောင်းပေးရန် ညှိနှိုင်းထားသည်။ 

လက်ရှိတွင် ထိုင်းနိုင်ငံ မြန်မာရွှေ့ပြောင်းလုပ်သား ငါးသိန်းနီးပါးရှိသည်။

The Voice

0 comments:

Post a Comment