Saturday, December 1, 2018

နန်စီပွန် ကျောက်မျက်ဧရိယာအတွင်း နေအိမ်အချို့ ဖယ်ရှားရှင်းလင်း


စစ်ကိုင်းတိုင်း နန်စီပွန်ဒေသမှာ ကျောက်မျက်ဧရိယာအတွင်း ဆောက်လုပ်ထားတဲ့ နေအိမ်အချို့ နိုဝင်ဘာ ၂၈ ရက်နေ့က စတင်ရှင်းနေပါတယ်။ 
နန်စီပွန် ကြိုးတံတားကို အဆင့်မြင့်တင်သွားဖို့ ရှိတဲ့အတွက် တံတားထိပ်က လုပ်ကွက်နဲ့ မလွတ်တဲ့အရာတွေကို ဖယ်ရှားတဲ့အထဲမှာ လူနေအိမ်တွေလည်း ပါသွားတယ်လို့ သိရတဲ့အတွက် ကွင်းဆင်း စစ်ဆေးသွားမယ်လို့ အမှတ် ၁ တိုင်းလွှတ်တော်ကိုယ်စားလှယ် ဦးမောင်တေးက ဒီဗွီဘီ ကို ပြောပါတယ်။ 

နောက်ထပ်တံတားတစင်း တည်ဆောက်ဖို့ကိုလည်း ဒေသခံတွေနဲ့ အစည်းအဝေး လုပ်နေတယ်လို့ ဦးမောင်တေးက ဆက် ပြောပါတယ်။ 

အခု ရှင်းလင်း ဖယ်ရှားတဲ့ နေရာဟာ နယ်စပ်ဒေသဖွံ့ဖြိုးရေးဌာနက ချပေးထားတဲ့ အလျား ၁၅ ပေ အရှည် ၁၈၀ ရှိတဲ့ တံတားတည်ဆောက်ဖို့ လျာထားတဲ့ နေရာ ဖြစ်ပါတယ်။

DVB

0 comments:

Post a Comment