Wednesday, December 26, 2018

ဘေဂျင်းတက္ကသိုလ် ဓာတ်ခွဲခန်းပေါက်ကွဲမှု ကျောင်းသား သုံးဦး သေဆုံး


တရုတ်ပြည် ဘေဂျင်းတက္ကသိုလ်မှာ ဗုဒ္ဓဟူးနေ့ မနက်ပိုင်းက ဓာတ်ခွဲခန်းပေါက်ကွဲမှု ဖြစ်ပွားခဲ့ရာမှာ ကျောင်းသား သုံးဦး သေဆုံးသွားခဲ့ပါတယ်။ 
ဘေဂျင်းတက္ကသိုလ် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ဓာတ်ခွဲခန်းမှာ ရေဆိုးရေညစ် သန့်စင်ရေး သုတေသနလုပ်ငန်း ဆောင်ရွက်နေစဉ်အတွင်း ပေါက်ကွဲမှုဖြစ်ပွားခဲ့တာလို့ ဘေဂျင်း မီးသတ်ဌာနက ပြောပါတယ်။ 

ပေါက်ကွဲမှုကြောင့် ပြတင်းပေါက်တွေ ပွင့်ထွက်သွားခဲ့ပြီး အဆောက်အဦးလည်း မီးလောင်ကျွမ်းခဲ့ပါတယ်။ မီးသတ်ကား အစီး ၃ဝ လောက် လာရောက်ပြီး တနာရီလောက်ကြာအောင် ငြိမ်းသတ်ခဲ့ရတယ်လို့ သတင်းမှာ ဖော်ပြပါတယ်။ မီးလောင်ရတဲ့ အကြောင်းရင်းကို မသိရသေးပါဘူး။ 

လုပ်ငန်းဆိုင်ရာ လုံခြုံရေး စည်းမျဉ်းစည်းကမ်းတွေ လျော့ရဲတဲ့ တရုတ်ပြည်မှာ အခုလို မတော်တဆမှုတွေ မကြာခဏ ဖြစ်ပွားလေ့ရှိတယ်လို့ AFP သတင်းက ဆိုပါတယ်။ 

ပြီးခဲ့တဲ့လ ကလည်း တရုတ်ပြည်မြောက်ပိုင်းမှာ ဓာတုဗေဒပစ္စည်း ထုတ်လုပ်ရေး စက်ရုံတရုံမှာ ဓာတုပစ္စည်းတွေ တင်ဆောင်လာတဲ့ ကားတစီး ပေါက်ကွဲမှုဖြစ်ပွားခဲ့လို့ ၂၃ ဦးသေဆုံးပြီး၊ ၂၂ ဦးဒဏ်ရာရခဲ့ပါတယ်။ 

ဇူလိုင်လကလည်း ဇီချွမ်ပြည်နယ်မှာ ဖြစ်ပွားခဲ့တဲ့ ဓာတုစက်ရုံပေါက်ကွဲမှုတခုမှာ ၁၉ ဦးသေဆုံးပြီး၊ ၁၂ ဦး ဒဏ်ရာရခဲ့ပါတယ်။ 

အဆိုးဆုံးကတော့ ၂ဝ၁၅ ခုနှစ်က တီယန်ဂျင်းမြို့မှာဖြစ်ပွားခဲ့တဲ့ ဓာတုသိုလှောင်ရုံပေါက်ကွဲမှုမှာ ၁၆၅ ဦး သေဆုံးခဲ့ပါတယ်။ 

၂ဝဝ၃ ခုနှစ်က ပီကင်းတက္ကသိုလ်မှာ မီးလောင်မှုဖြစ်ပွားခဲ့စဉ်။ 
(Photo: AFP)
RFA

0 comments:

Post a Comment